September 3, 2026

ကုန်သည်တွေ စျေးကစားလို့ မြေဩဇာစျေး မကျတာလို့ ဆန်စပါးအသင်းဥက္ကဋ္ဌက ဝေဖန်

The Farmer Times၊ ဇွန်လ ၉ ရက်၊ ၂၀၂၆

ပြည်ပနိုင်ငံတကာ စျေးကွက်အတွင်းမှာ ဓာတ်မြေဩဇာစျေးနူန်းတွေ ပြန်လည်ကျဆင်းနေပေမယ့် ပြည် တွင်းစျေးကွက်ထဲမှာတော့ တောင်သူအများဆုံး အသုံးပြုတဲ့ မြေဩဇာစျေးနူန်းတွေက ကျဆင်း သွား တာမျိုးမရှိဘဲ၊ အမြင့်ဆုံးစျေးနှုန်းနဲ့သာ ဆက်လက်ရောင်းချနေကြတာ ဖြစ်ပါတယ်။

သွင်းအားစုမြေဆီဈေးတွေဟာ အရှေ့အလယ်ပိုင်း စစ်ပွဲစတင်ချိန်အတွင်းက မြန်မာနိုင်အရောက် စျေး နူန်းအနေနဲ့ ယူရီးယားဓာတ်မြေဩဇာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ ကျော် ပေါက်ဈေးရှိရာက နေ လက်ရှိမှာတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ လောက်အထိ ဈေးကျဆင်းလာတာ ဖြစ် တယ်လို့ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးခင်မြင့်က ပြောဆိုထားပါတယ်။

လက်ရှိ တောင်သူတွေ ဝယ်ယူသုံးစွဲနေရတဲ့ မြေပြင်စျေးကွက်ထဲမှာ ယူရီးယားပုလဲဓာတ်မြေဩဇာနဲ့ ၁၅ ပတ်လည် ဓာတ်မြေဩဇာက အမြင့်စျေးနဲ့ ဆက်လက်ရပ်တည်နေပြီး၊ ဆာလဖာဓာတ်မြေဩဇာက တော့ စျေးအနည်းငယ် ပြန်ကျဆင်းလာတာကို တွေ့ရပါတယ်။

” မြင်းပျံ ပုလဲ ၁၅ ပတ်လည်စျေးတွေက မကျပါဘူး။ ကျတာက ဆာလဖာတွေပါ။ ဆာလဖာက နိုက်ထ ရိုဂျင် ၂၀ ကျော်ပဲပါတယ်။ မြင်းပျံပုလဲက နိုက်ထရိုဂျင် ၄၀ ကျော်ပါတယ်။ အဲဒါကြောင့်စျေးလည်း ကွာတာ။ စျေးတွေက တောင်သူအသုံးများတာတွေက မကျပါဘူး။ ” လို့ စိုက်ပျိုးရေးဆေးနဲ့ ဓာတ်မြေ ဩဇာအရောင်းဆိုင်တခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာစျေးကွက်မှာ စက်သုံးဆီဈေးက ဒီဇယ်ဆီ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၁၀ ကျော်အထိ ဈေးတက်ခဲ့ရာကနေ လက်ရှိမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၁၀ ကျော်အထိ ၈၈ ဒေါ်လာထိ ဈေး ပြန်လည်ကျဆင်းလာတဲ့အတွက် သွင်းအားစုဈေးနူန်းတွေလည်း လိုက်ပါကျဆင်းသင့်တယ်လို့ မြန် မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးခင်မြင့်က ပြောဆိုထားပါတယ်။

အမှန်တကယ် ပြည်တွင်းမှာ စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေ မကျဆင်းရတာက မြန်မာနိုင်ငံ မြေ ဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ပူး ပေါင်းပြီး ရည်ညွှန်စျေးသတ်မှတ်ကာ စျေးကွက်ထိန်းချုပ်ထားတဲ့ မူဝါဒကြောင့် မြေဩဇာစျေးတွေ အဆမတန် မြင့်တက်လာဖြစ်တယ်လို့ စိုက်ပျိုးရေး သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

” အသင်းနဲ့ ကုန်သည်တွေက တရုတ်ဘက်က ဈေးကျပေမယ့်၊ ပြည်တွင်းဈေးကို ထိန်းချုပ်ပြီး သတ် မှတ်ဈေးတွေ လုပ်နေလို့ ယှဉ်ပြိုင်ဈေးကွက်မရှိပဲ ဈေးနှုန်းမြင့်တက်ပြီး တောင်သူတွေ ဒုက္ခရောက်နေ တာ ” လို့ ပြောပါတယ်။

လက်ရှိ ပြည်တွင်း ဓာတ်မြေဩဇာ စျေးကွက်အတွင်းမှာ မြင်းပျံ (ယူရီးယား ပုလဲဓာတ်မြေဩဇာ ) တစ် အိတ်ကို ၁၇၀,၀၀၀ မှ ၁၈၅,၀၀၀ ကျပ်ဝန်းကျင်ပေါက်စျေးရှိနေပြီး၊ ၁၅ ပတ်လည် ဓာတ်မြေ ဩဇာ တစ်အိတ်ကိုတော့ ၂၃၀,၀၀၀ ကျပ်အထက် ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

ကျန်တဲ့ ဓာတ်မြေဩဇာတွေကလည်း အမျိုးအစားအလိုက် တစ်အိတ်ကို ၁၆၀,၀၀၀ ကျပ်လောက် အ နည်းဆုံး ပေါက်စျေးရှိနေပါတယ်။

မြေဩဇာအသင်းက ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်လက်ကား မြေဩဇာရည်ညွန်း ဈေးနှုန်းကတော့ ဇွန် လအတွက် ယူရီးယားမြေဩဇာ ၅၀ ကီလို တစ်အိတ်ကို ၁၅၁,၆၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ယူရီးယားမြေဩဇာအပြင် DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၁၅,၀၀၀ ကျပ်သတ်မှတ်ထားပြီး၊ Complex ၁၅ ပတ်လည်မြေဩဇာကိုတော့ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ခြင်း မရှိတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.