July 12, 2026

အင်ဒိုနီးရှားက ဆန်စပါး မဟာဗျူဟာတစ်ရပ်အဖြစ် စပါးစိုက်ပျိုးချိန်ကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေ(ရုပ်/ သံ)

The Farmer Times၊ ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။

အရှေ့တောင်အာရှဒေသတွင်းမှာ အယ်လ်နီညို (El Niño) ဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံ တွေ့နေရပြီး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ထိခိုက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိ ပေးထားတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံဟာ ၎င်းတို့ရဲ့ ဆန်စပါးရိက္ခာဖူလုံမှုကို ကာကွယ်ဖို့နဲ့ ဈေးကွက် တည်ငြိမ်စေဖို့အတွက် တောင်သူတွေကို စပါးကြိုတင်စိုက်ပျိုးကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ ဗျူဟာ မြောက် အချိန်တိုးမြှင့်ပျိုးမှုတွေ ပြုလုပ်နေပါတယ်။

အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနဟာ ပိုမိုပူပြင်းခြောက်သွေ့လာမယ့် အယ်လ်နီညိုအန္တရာယ်ကို ကျော်လွှားနိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စပါးအမြန်စိုက်ပျိုးရေး လှုပ်ရှားမှုကို စတင်လိုက်တာ ဖြစ်ပါတယ်။

တောင်သူတွေအနေနဲ့ စပါးရိတ်သိမ်းပြီးနောက် ပုံမှန်အတိုင်း (၂၅) ရက်အထိ မစောင့်ဆိုင်းဘဲ (၂) ပတ် (၁၄ ရက်) ခန့်အကြာမှာ ဒုတိယအကြိမ် စပါးပြန်လည်စိုက်ပျိုးကြဖို့ အစိုးရက အကြံပြုထားပါတယ်။

REF: – Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.