September 3, 2026

အေအေ ထိန်းချုပ်ထားတဲ့ ခရိုင် ၄ ခုမှာ မိုးရာသီသစ်ပင် စိုက်ပျိုးရေး တိုးချဲ့လုပ်ဆောင်လာ

The Farmer Times၊ ဇွန်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။

တိုက်ပွဲဖြစ်နေတဲ့ ကျောက်ဖြူခရိုင် အပါအဝင် ရခိုင်ပြည်နယ်က ခရိုင် ၄ ခုမှာ အာရက္ခဒေသတခွင် စိမ်းလန်းစိုပြေရေး အစီအစဉ်အရ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဦးဆောင်မှုနဲ့ မိုးရာသီ သစ်ပင်တွေ စိုက်ပျိုးမှုကို အခုလအတွင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။

စိုက်ပျိုးခဲ့တဲ့ ခရိုင်တွေကတော့ ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်၊ တောင်ကုတ်ခရိုင်နဲ့ သံတွဲခရိုင်တွေမှာ ဇွန်လဆန်းပိုင်းကစလို့ သစ်ပင်စိုက်ပျိုးမှုတွေကို ဆောင်ရွက်ခဲ့ပြီး၊ ကျောက်ဖြူ ခရိုင်အတွင်းက မြို့ရွာ တွေမှာ ပျဉ်ကတိုး (ပြိုင်းပင်) ၅၀၀ နဲ့ မန်ဂျာသျှားပင် ၅၀၀ ခန့် စိုက်ပျိုးခဲ့ကြပါတယ်။

ဇွန်လ ၁၃ ရက်နေ့ကလည်း အဘောင်တော် အင်းအနားတဝိုက်က ကားလမ်းဝဲယာတလျှောက်မှာ စိန် ပန်း၊ ခမောင်းနဲ့ ပိတောက်ပင်တွေကို စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။

ဇွန် ၅ ရက်မှ ၁၂ ရက်အတွင်း ULA တောင်ကုတ်ခရိုင်နဲ့ မြို့နယ်တာဝန်ရှိသူတွေ ဦးဆောင်ပြီး တောင်ကုတ် ခရိုင်အတွင်းမှာ စိန်ပန်း၊ ခရေ၊ ပိတောက်၊ ကံ့ကော်၊ ပြိုင်း၊ ကုက္ကို၊ မဟော်ဂနီ၊ ပလင်၊ တပေဘူတနဲ့ ကျွန်း စတဲ့ အပင်ပေါင်း ၂,၄၂၀ ခန့်ကို စိုက်ပျိုးခဲ့ကြပါတယ်။

ဒါ့အပြင် သံတွဲခရိုင်အတွင်းမှာလည်း ဇွန်လ ၁၁ ရက်နေ့က ULA ခရိုင်ကော်မတီက ဦးဆောင်ပြီး၊ ဘုရား တွေနဲ့ မြို့ရွာတွေအနားတဝိုက်မှာ စိန်ပန်းနဲ့ ကုက္ကိုပင်တွေကို စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တစ်ခြားနေရာဒေသတွေမှာလည်း ဒေသစိမ်းလန်းစိုပြေရေးနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးကို ရည်ရွယ်ကာ ULA/AA ရဲ့ ဦးဆောင်မှုနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပြည် သူတွေ ပူးပေါင်းပြီး သစ်ပင်တွေကို စိုက်ပျိုးလျက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.