July 19, 2026

ဆန်ချော၊ ဆန်ကြမ်း အမျိုးအစားအားလုံး တစ်အိတ်ကို ၅,၀၀၀ မှ ၁၀,၀၀၀ ကျပ်ဝန်းကျင်ထိ ဈေး မြင့်တက်

The Farmer Times၊ ဇူလိုင်လ ၁ ရက်၊ ၂၀၂၆ ခုနှစ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှ ဇူလိုင်လဆန်းပိုင်းအထိ ကာလအတွင်း ပြည်တွင်းဆန်ဈေးကွက်အတွင်းမှာ ဆန်ချောရော၊ ဆန်ကြမ်း အမျိုးအစားအများစု ဈေးနှုန်းအနည်းငယ် မြင့်တက်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကနေ အခုဇူလိုင်လ ၁၅ ရက်နေ့အတွင်း ဈေးကွက်ထဲမှာ ပေါ်ဆန်းနယ်စုံနဲ့ အခြေခံဆန်ကြမ်းအများစု အပါအဝင် ပို့ကုန်ဆန်ချော(EX) တွေပါ တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၂,၀၀၀ မှ ၁၀,၀၀၀ ကျပ်လောက်အထိ သိသိသာသာ မြင့်တက်လာတာကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း (MRPTA) ရဲ့ ဆန်ဈေးနှုန်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရွှေဘိုပေါ်ဆန်း၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း (ဆန်ချောအုပ်စု)

ပြည်တွင်းစားသုံးမှုများတဲ့ ပေါ်ဆန်းအုပ်စုဝင် ဆန်အမျိုးအစားတွေက တစ်အိတ်ကို ၅,၀၀၀ ကနေ ၈,၀၀၀ ကျပ် ဝန်းကျင်ထိ ဈေးမြင့်တက်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၉၅,၀၀၀ ကျပ်မှ ၂၁၀,၀၀၀ ကျပ်စျေးရှိခဲ့ပြီး၊ အခုဇူလိုင်လ ၁၅ ရက်နေ့မှတော့ တစ်အိတ်ကို  ၂၀၀,၀၀၀ ကျပ်မှ ၂၁၅,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ တစ်လကျော်ကာလအတွင်း တစ်အိတ်ကို ၅,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ် ပါတယ်။

အလားတူ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းကလည်း ဇွန်လ ၁ ရက်က တစ်အိတ်ကို ၁၄၅,၀၀၀ မှ ၁၅၂,၀၀၀ ကျပ်ဈေးရှိပြီး၊  အခုဇူလိုင်လ ၁၅ ရက်နေ့မှတော့ တစ်အိတ်ကို  ၁၅၀,၀၀၀ ကျပ်မှ ၁၅၈,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ တစ်လကျော်ကာလအတွင်း တစ်အိတ်ကို ၆,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ပေါ်ဆန်းနယ်စုံ

ပေါ်ဆန်းနယ်စုံဆန် အမျိုးအစားတွေကတော့ ဇွန်လ ၁ ရက်နေ့က တစ်အိတ်ကို ၁၂၇,၀၀၀ ကျပ်မှ ၁၃၈,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး၊ ဇူလိုင် ၁၁ ရက်နေ့မှာတော့ တစ်အိတ်ကို ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ တစ်လကျော်ကာလအတွင်း တစ်အိတ်ကို ပျမ်းမျှ ၈,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဧရာဝတီ၊ ဖျာပုံ၊ မြောင်းမြ (ကြားပျံ)

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ဈေးကွက်ထဲမှာ ကြားပျံ(နယ်စုံ) အမျိုးအစားတွေက တစ်အိတ်ကို ၁၄၅,၀၀၀ မှ ၁၅၅,၀၀၀ ကျပ်၊ ဖျာပုံ၊ မြောင်းမြ(ကြားပျံ)ဆန်က  တစ်အိတ်ကို ၁၅၅,၀၀၀ မှ ၁၆၅,၀၀၀ ကျပ်ခန့် ပေါက်ဈေးရှိခဲ့ပါတယ်။

အခုဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ကြားပျံ(နယ်စုံ) အမျိုးအစားတွေက တစ်အိတ်ကို ၁၄၈,၀၀၀ မှ ၁၆၀,၀၀၀ ကျပ်၊ ဖျာပုံ၊ မြောင်းမြ(ကြားပျံ)ဆန်က  တစ်အိတ်ကို ၁၅၈,၀၀၀ မှ ၁၆၈,၀၀၀ ကျပ်ခန့်ထိ မြင့်တက်လာပါတယ်။  တစ်လကျော်ကာလအတွင်း တစ်အိတ်ကို ပျမ်းမျှ ၃,၀၀၀ ကျပ်ခန့် မြင့်တက်လာ တာ ဖြစ်ပါတယ်။

အခြေခံဆန်ကြမ်း

အခြေခံလူတန်းစားတွေ အားထားနေရတဲ့ ဆန်ကြမ်းအုပ်စုထဲမှာတော့ ခွန်နီဆန်နှင့် ကြမ်း(EX) မီဒီယံ ဈေးနှုန်းတွေက အနည်းငယ်လှုပ်ခတ်မှုရှိနေပြီး၊ ကျန်ဆန်ကြမ်းတွေကတော့ စျေးတည်ငြိမ်နေပါတယ်။

ခွန်နီ

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က ခွန်နီဆန် တစ်အိတ်ကို ၁၀၅,၀၀၀ မှ ၁၂၀,၀၀၀ ကျပ်ခန့် ပေါက်စျေးရှိခဲ့ပြီး၊ အခု ဇူလိုင်လ ၁၅ ရက်မှာတော့ တစ်အိတ်ကို  ၁၁၅,၀၀၀ မှ ၁၂၅,၀၀၀ ကျပ်ထိ မြင့်တက်လာပါတယ်။ တစ်လကျော်ကာလအတွင်း တစ်အိတ်ကို ၅,၀၀၀ မှ ၁၀,၀၀၀ ကျပ်ခန့်ထိ မြင့်တက်လာတာ ဖြစ်ပါ တယ်။

ရက်-၉၀

ရက်-၉၀ (ဆန်ဟောင်း) က ဇွန်လ ၁ ရက်နေ့မှာ တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်၊ ရက်-၉၀ (ဆန်သစ်) က တစ်အိတ်ကို ၈၂,၀၀၀ ကျပ်၊ ၈၇,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ရက်-၉၀ (ဆန်ဟောင်း) က တစ်အိတ်ကို ၁၀၅,၀၀၀ ကျပ်၊ ရက်-၉၀ (ဆန်သစ်) က တစ်အိတ်ကို ၈၅,၀၀၀ ကျပ်၊ ၉၃,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ပါတယ်။ တစ်လကျော်ကာ လအတွင်း တစ်အိတ်ကို ၆,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဇီယာ၊ ဧည့်မထ (၁၅%)

ဇီယာဆန်က ဇွန်လ ၁ ရက်နေ့မှာ တစ်အိတ်ကို ၆၆,၀၀၀ မှ ၇၀,၀၀၀ ကျပ်၊ ဧည့်မထ (၁၅%) အကြမ်း ဆန်က တစ်အိတ်ကို ၆၆,၀၀၀ မှ ၇၀,၀၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။

အခုဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ဇီယာက တစ်အိတ်ကို ၆၈,၀၀၀ ကျပ်မှ ၇၂,၀၀၀ ကျပ်၊ ဧည့်မထ (၁၅%) အကြမ်းဆန်က တစ်အိတ်ကို ၇၀,၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။ တစ် လကျော်ကာလအတွင်း တစ်အိတ်ကို ၅,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ငစိန်

ငစိန်ဆန်ကတော့ ဇွန်လ ၁ ရက်နေ့က တစ်အိတ်ကို ၆၃,၀၀၀ မှ ၆၅,၀၀၀ ကျပ်စျေး ရှိခဲ့ပါတယ်။ အခု ဇူ လိုင်လ ၁၅ ရက်နေ့မှာတော့ တစ်အိတ်ကို ၆၅,၀၀၀ ကျပ်မှ ၆၉,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာတာ ကို တွေ့ရှိရပါတယ်။ တစ်လကျော်ကာလအတွင်း တစ်အိတ်ကို ၄,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ပို့ကုန်(EX) အုပ်စု

ပို့ကုန်(EX) အုပ်စုမှာ ဆန်ချော(EX) က  အခုတစ်ပတ်အတွင်း အမြင့်ဆုံးဈေးထိ သိသိသာသာ ခုန်တက် သွားတာကို တွေ့ရပါတယ်။

ချော(EX)ကြမ်း(EX)

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်က ချော(EX)က တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၈,၀၀၀ ကျပ် ၊ ကြမ်း(EX)ကတော့  တစ် အိတ်ကို ၅၂,၀၀၀ မှ ၅၄,၀၀၀ ကျပ် အသီးသီးပေါက်စျေး ရှိခဲ့ပါတယ်။

ဇူလိုင်လ ၁၅ ရက်မှာတော့ ချော(EX)က တစ်အိတ်ကို ၅၅,၀၀၀ မှ ၆၅,၀၀၀ ကျပ်၊ ကြမ်း(EX)ကတော့  တစ်အိတ်ကို ၅၂,၀၀၀ မှ ၅၄,၀၀၀ ကျပ် အသီးသီးပေါက်စျေး ရှိခဲ့ပါတယ်။ တစ်လကျော်ကာလအတွင်း ချော(EX)က တစ်အိတ်ကို ၇,၀၀၀ ကျပ်ခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဆန်စျေးနှုန်းတွေက ပြီးခဲ့တဲ့ ဇွန်လလယ်ကစလို့ ဆက်တိုက်မြင့်တက်လာတာ ဖြစ်ပါတယ်။ အခုလို ဆန် ဈေးမြင့်တက်လာရတာက စိုက်ပျိုးရာသီအစ သိုလှောင်ဆန်ဟောင်း လျော့နည်းလာချိန်ဖြစ်တာ အပါအ ဝင် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်မားနေတာကြောင့်ဖြစ်ပြီး၊ ဈေးကွက်အတွင်း ဝယ်လိုအားအ ပြောင်းအလဲပေါ်မူတည်ပြီး ဈေးနှုန်းတွေ လိုက်ပါပြောင်းလဲနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည် များအသင်း (MRPTA) က သုံးသပ်ထားပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဆန်စျေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး ၊ လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှု ရှိနိုင်ပါတယ်။

#TheFarmerTimes #ဆန်ဈေးနှုန်းနှိုင်းယှဉ်ချက် #ပေါ်ဆန်းနယ်စုံ #MRPTA #ဆန်ကြမ်းဆန်ချော #စိုက်ပျိုးစီးပွား #မြန်မာ့ဆန်ဈေးကွက်

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.