September 3, 2026

ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ်မှာ ပြည်ပကနေ ဆန်တန်ချိန် ၃.၈ သန်းဝန်းကျင် တင်သွင်းရမည်ဟု စိုက် ပျိုးရေးဝန်ကြီး ခန့်မှန်း

The Farmer Timesဩဂုတ်လ ရက်၂၀၂၆။

ကမ္ဘာ့အကြီးဆုံး ဆန်တင်သွင်းတဲ့နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ  အနေနဲ့ အခု ၂၀၂၆ ခုနှစ်အတွင်းမှာ ပြည် ပကနေ ဆန်တန်ချိန် ၃ဒသမ၆ သန်းမှ ၃ဒသမ၈ သန်းကြား တင်သွင်းသွားနိုင်ခြေရှိတယ်လို့ ဖိလစ်ပိုင် နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က S&P Global Energy ရဲ့ Platts သတင်းဌာနကို ဇူလိုင်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ပြည်ပကနေ ဆန်တန်ချိန် ၃.၃ သန်းခန့်ကို တင်သွင်း ထားပြီး၊ နောက်ထပ် တန်ချိန် ၁ သန်းအတွက်လည်း စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ လာမယ့်လတွေအ တွင်း ဆက်လက် ရောက်ရှိ လာမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အမှန်တကယ် လိုအပ်တဲ့ ပမာဏထက် ပိုမိုတင်သွင်းမယ်ဆိုပါက ဆန်တန်ချိန်တ ချို့ကို မဟာဗျူဟာမြောက် အရန်ဆန်လက်ကျန် (Strategic buffer stocks) အတွက် သိုလှောင်သွားမှာ ဖြစ်ပြီး၊ ဝယ်ယူသွားမယ့် နိုင်ငံတကာ ဆန်ဈေးနှုန်း သတ်မှတ်ချက်တွေကိုတော့ စက်တင်ဘာလမှာ စတင်မယ့် ပြည်တွင်ဆန်သီးနှံ ရိတ်သိမ်းထွက်ပေါ်လာမှု အခြေအနေအပေါ် မူတည်ပြီး သတ်မှတ်သွား မယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ဈေးကွက်ဟာ တင်သွင်းမှုအတွက် ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်သော်လည်း ဝယ်ယူမှုများ ကို ဈေးနှုန်းအပေါ် အခြေခံပြီး၊ အထူးသဖြင့် ဈေးနှုန်းအပြောင်းအလဲအပေါ် အကဲဆတ်စွာ ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ဝန်ကြီးက အလေးပေးပြောကြားခဲ့ပါတယ်။

S&P Global Energy CERA နဲ့ USDA (အမေရိကန်စိုက်ပျိုးရေးဌာန) တို့ရဲ့ ခန့်မှန်းချက်တွေအရ ဖိလစ် ပိုင်နိုင်ငံဟာ ၂၀၂၆-၂၀၂၇ စျေးကွက်နှစ် (ဇူလိုင်-ဇွန်) အတွင်း ဆန်တန်ချိန် ၅ဒသမ၆ သန်းအထိ တင် သွင်းဖို့ ကျန်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုထားချက်နဲ့ ပတ်သက်လို့ အဲ့ဒီကိန်းဂဏန်းက တိကျသေချာတဲ့ ဝယ်ယူမယ့်ပမာဏ (Firm buying target) မဟုတ်ဘူးလို့လည်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

အခုနှစ်မှာ အယ်လ်နီညိုရာသီဥတု(ElNiño) ဖြစ်ပေါ်နိုင်ခြေရှိတဲ့ စိုးရိမ်မှုတွေ ရှိနေသပမယ့် အဓိကဆန် တင်ပို့တဲ့ နိုင်ငံတွေမှာ သီးနှံအသစ်တွေ ထွက်ပေါ်လာတော့မှာ ဖြစ်တဲ့အတွက် လာမယ့် ခြောက်လအ တွင်း အာရှဆန်ဈေးနှုန်းတွေက အေးစက်ကျဆင်းသွားမယ်လို့လည်း ဝန်ကြီးက ခန့်မှန်းထားပါတယ်။

လတ်တလော အိန္ဒိယနိုင်ငံမှာ ဆန်လက်ကျန် အလွန်များပြားနေခြင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ပါကစ္စ တန်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ရိတ်သိမ်းချိန်တွေ ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံများအနေနဲ့ အလောတကြီး ဝယ်ယူမှုမပြုလုပ်ဘဲ ပုံမှန်ဆက်လက်ဝယ်ယူနေမယ်ဆိုပါက ဈေးနှုန်းတွေက ပုံမှန်အ ခြေအနေကို ပြန်လည်ရောက်ရှိလာမယ်လို့လည်း သုံးသပ်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပြည်တွင်းဆန်စက်ကဏ္ဍ အဆင့်မြှင့်တင်ဖို့နဲ့ မျိုးကောင်းမျိုးသန့် ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များအတွက် အချိန်ရရှိစေဖို့ ရည်ရွယ်ပြီး အကျိုးအကြေ ၅ ရာခိုင်နှုန်း ပါဝင်တဲ့ ဆန် များအတွက် ကျန်းမာရေးနဲ့ ရုက္ခဗေဒဆိုင်ရာ တင်သွင်းခွင့်လက်မှတ် (SPS Import Clearances) အသစ် ထုတ်ပေးခြင်း မပြုတဲ့ မူဝါဒကို ၂၀၂၈ ခုနှစ်အထိ ဆက်လက်ကျင့်သုံးသွားမယ်လို့လည်း ပြောဆိုထားပါ တယ်။

လက်ရှိမှာ ဆန်တင်သွင်းမှုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဗီယက်နမ်တစ်နိုင်ငံတည်းအပေါ် အဓိကမှီခိုနေရခြင်းမှ လျှော့ချနိုင်ဖို့အတွက် တင်သွင်းရတဲ့ အရင်းအမြစ်တွေကို တဖြည်းဖြည်း တိုးချဲ့သွားဖို့ စီစဉ်နေပြီး၊ အိန္ဒိ ယနိုင်ငံ အမျိုးသားသမဝါယမ ပို့ကုန်ကုမ္ပဏီ (NCEL) နဲ့ ဆန်တန်ချိန် ၃၀၀,၀၀၀ ခန့် တင်သွင်းနိုင်ဖို့ ဆွေး နွေးနေသလို၊ အိန္ဒိယနိုင်ငံ တီလန်ဂါနာ (Telangana) ပြည်နယ်က ထွက်ရှိတဲ့ ဆန်တွေကိုလည်း ဒေသ တွင်းဈေးကွက်က လက်ခံစားသုံးလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဖိလစ်ပိုင်နိုင်ငံကို ဗီယက်နမ်နိုင်ငံရဲ့ Vinafood II ကုမ္ပဏီက ဆန်တန်ချိန် ၁ဒသမ၅ သန်း ခန့် တင်သွင်းသွားနိုင်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် လက်ရှိမှာ တိကျသေချာတဲ့ သဘောတူညီချက် တစ် စုံတစ်ရာ ရရှိထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

REF: Spglobal

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.