ကြံကြမ်းခင်းဈေး တစ်တန် သုံးသောင်းကျပ်ကျော် လျော့ကျသွားလို့ တောင်သူတွေ တွတ်ခြေမကိုက် ဖြစ်နေ
The Farmer Times၊ အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆။
သကြားစက်ရုံတွေကနေ ကြံစိုက်တောင်သူတွေကို ကြိုတင်ငွေ ထုတ်ပေးဖို့ သတ်မှတ်တဲ့ ကြမ်းခင်း ဈေးက အရင်နှစ်နဲ့ယှဉ်ရင် ကြံတစ်တန်ကို ကျပ်သုံးသောင်းကျော်ထိ လျော့ကျသွားတာကြောင့် တွက် ခြေမကိုက်နိုင်ဘူးလို့ ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း)က ကြံတောင်သူတွေက ပြောဆိုကြပါတယ်။
အခုနှစ် သကြားရာသီအတွက် ဒေသအလိုက် စိုက်ဧကနဲ့ အထွက်နှုန်းပေါ်မူတည်ပြီး၊ ကြိုတင်ချေးငွေ ထုတ်ပေးရာမှာ ကြံတစ်တန်ကို ၁၃၉,၀၀၀ ကျပ်သာသတ်မှတ်ထားလို့၊ ကြံစိုက်စရိတ် အရင်းအနှီးနဲ့ယှဉ် ရင် အမြတ်သိပ်မကျန်ဘူးလို့လည်း ကြံစိုက်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ကြံစိုက်တောင်သူတွေကို ကြိုတင်ငွေထုတ်ပေးရာမှာ နယ်မြေဒေသအလိုက် ကြံတစ် တန်ကို အနည်းဆုံး ကျပ် ၁၂၀,၀၀၀ မှ အများဆုံး ကျပ် ၂၀၀,၀၀၀ အထိ ဈေးပေါက်ခဲ့တာ ဖြစ်ပါတယ်။
ကြိုတင်ငွေထုတ်ပေးမှု လျော့ကျသွားပေမယ့် ကြံစိုက်ခင်းတွေကနေ စက်ရုံကို သယ်ယူရတဲ့ ကားတန် ဆာခတွေကတော့ မြင့်တက်လာတယ်လို့ တောင်သူတွေက ပြောဆိုထားပါတယ်။
