အိန္ဒိယအကောက်ခွန် စိစစ်တင်းကြပ်မှုကြောင့် နိုင်ဂျာနိုင်ငံထွက် ပဲပုပ်များ အာရှဈေးကွက်သို့ အရှုံးခံရောင်းချနေရ
The Farmer Times၊ အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၆။
အိန္ဒိယနိုင်ငံကို တင်ပို့မယ့် နိုင်ဂျာနိုင်ငံထွက် (Niger) ပဲပုပ်တန်ချိန် ၁၁,၀၀၀ ခန့်အတွက် သွင်းကုန်အခွန် ရှောင်လွှဲမှုအပေါ် အိန္ဒိယအ ကောက်ခွန်ဌာနက စုံစမ်းစစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်ခဲ့တာ ကြောင့် အာရှရှိ တခြားဈေးကွက်တွေကို လျော့စျေးဖြင့် လွှဲပြောင်းရောင်းချနေရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလစကလို့ အိန္ဒိယ အကောက်ခွန်အာဏာပိုင်တွေက စစ်ဆေးမှုတွေ တင်းကြပ်လိုက် ပြီးနောက်မှာ အိန္ဒိယ ဝယ်ယူသူတွေဘက်က ပစ္စည်းလက်ခံဖို့ ငြင်းဆန်ခဲ့ကြတဲ့အတွက် ပင်လယ်ပြင်မှာပဲ သင်္ဘောလမ်းကြောင်း ပြောင်းလဲခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အိန္ဒိယဝယ်ယူသူတွေနဲ့ မူလသဘောတူထားတဲ့ ပဲပုတ် တစ်တန် အမေရိကန်ဒေါ်လာ ၆၅၀ အစား ဒေါ်လာ ၄၇၀ မှ ၅၁၀ ကြား ဈေး နှုန်းဖြင့် ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို လွှဲပြောင်းရောင်းချခဲ့ရတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကို ဝင်ရောက်လာတဲ့ ပဲပုပ်တွေဟာ နိုင်ဂျာနိုင်ငံထွက်လို့ ကြေညာထားပေမယ့် အမှန်တ ကယ်မှာ နိုက်ဂျီးရီးယား (Nigeria) က ထွက်ရှိပြီး အခွန်တိမ်းရှောင်ဖို့ ကုန်အမှတ်တံဆိပ် လိမ်လည်တပ် ဆင်ထားပြီး၊ အမည်လွှဲဖော်ပြထားတာ ဖြစ်နိုင်တယ်လို့ အိန္ဒိယအ ကောက်ခွန်ဌာနက သံသယရှိနေပါတယ်။
အိန္ဒိယနိုင်ငံဟာ နိုင်ဂျာကဲ့သို့သော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least-developed countries) မှ တင် သွင်းလာတဲ့ ကုန်စည်တွေကို အခွန်ကင်းလွတ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ပဉ္စမမြောက် ပဲပုပ်အများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံဟာ အခုနှစ်မှာ ပြည်တွင်းပဲ စိုက်ပျိုးထုတ် လုပ်မှု နည်းပါးခဲ့တဲ့အတွက် ပဲပုပ် တန်ချိန် ၁ သန်းလောက်အထိ စံချိန်တင် တင်သွင်းရမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ နိုင်ဂျာကဲ့သို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေက တင်သွင်းမှုကို အခွန်ကင်းလွတ်ခွင့် ပြုထား ပေမယ့်၊ တင်သွင်းလာတဲ့ ပဲပုတ်တွေရဲ့ မူရင်းနိုင်ငံ အထောက်အထား မပြနိုင်ပါက ၄၅ ရာခိုင်နှုန်း သွင်း ကုန်အခွန် ပေးဆောင်ရမယ်လို့ သိရပါတယ်။
ဒါကြောင့် အထောက်အထား မခိုင်မာတဲ့ နိုင်ဂျာပဲတွေအတွက် အခွန်ဆောင်ရမှာကို စိုးရိမ်ပြီး အိန္ဒိယ ဝယ်ယူသူတွေဘက်က ကုန်စည်လက်ခံဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက အကောက်ခွန်အရာရှိများထံ သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် အ ကောက်ခွန် တင်းကြပ်စစ်ဆေးမှုတွေကြောင့် မွန်ဘိုင်းမြို့အနီးရှိ ဂျဝါဟာလာ နေရူး (Jawaharlal Nehru Port (JNPT) ဆိပ်ကမ်းမှာ နိုင်ဂျာနိုင်ငံထွက်အဖြစ် ကြေညာထားတဲ့ ပဲပုပ် ကွန်တိနိန်နာ ၆၀ ခန့် (တန်ချိန် ၁,၅၀၀ နီးပါး) သောင်တင်ကျန်ရစ်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် (ကွန်တိနိန်နာ သင်္ဘောတင်ခများ ) ရေကြောင်းသယ်ယူစရိတ် မြင့် တက်နေချိန်မှာ ဆိပ်ကမ်းဒဏ်ကြေး စရိတ်စကတွေကို ရှောင်လွှဲနိုင်ဖို့အတွက် အာဖရိကရောင်းချသူ တွေက အာရှအခြားဈေးကွက်တွေကို အမြန်ဆုံး လမ်းလွှဲရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ မျိုးဗီဇပြုပြင်မထားတဲ့ (Non-GM) ပဲပုပ်တွေကိုသာ တင်သွင်းခွင့်ပြုထားတာကြောင့် ဘီနင်၊ နိုက်ဂျီးရီးယား၊ တိုဂိုနဲ့ နိုင်ဂျာ အပါအဝင် အာဖရိကနိုင်ငံတချို့မှသာ တင်သွင်းနိုင်ပြီး၊ အဆိုပါ မျိုးဗီဇပြုပြင်မထားတဲ့ ပဲပုပ်တွေဟာ ဓာတ်ခွဲခန်းသုံး ပဲပုပ်တွေထက် ဈေးနှုန်းပိုမိုမြင့်မားလေ့ ရှိတယ်လို့ သိရပါတယ်။
အာဖရိက ရောင်းချသူတွေဟာ ပုံမှန်အားဖြင့် မျိုးဗီဇပြုပြင်ထားတဲ့ (GM) ပဲပုပ်များကိုသာ ဝယ်ယူလေ့ ရှိတဲ့ အာရှဈေးကွက်များထံ မျိုးဗီဇ ပြုပြင်မထားတဲ့ ပဲပုပ်တွေကို GM ပဲပုပ်ဈေးနှုန်းများနဲ့ ညှိနှိုင်းပြီး ဈေးလျှော့ရောင်းချနေရတာ ဖြစ်တယ်လို့ ဟိုချီမင်းမြို့အခြေစိုက် ဆီစက်လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ထားပါတယ်။
နိုင်ဂျာနိုင်ငံဟာ ပဲပုပ် အမြောက်အမြား ထုတ်လုပ်တဲ့ နိုင်ငံမဟုတ်ပေမယ့်၊ ၂၀၂၆ ခုနှစ်ရဲ့ ပထမ ၈ လအ တွင်း အိန္ဒိယရဲ့ နိုင်ဂျာထွက်အဖြစ် ကြေညာထားတဲ့ ပဲပုပ် တင်သွင်းမှုဟာ တန်ချိန် ၄၀၄,၄၂၉ အထိ မြင့် တက်လာခဲ့တယ်လို့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
REF: The Economic Times
