November 9, 2026

ကြံအခြေခံစျေး တိုးပေးရန် တောင်းဆိုချက်ကို စိစစ်ဖို့  အဆင့်မြင့်ကော်မတီ ဖွဲ့စည်း

The Farmer Times၊ အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၆။

အိန္ဒိယနိုင်ငံ ပြည်တွင်းမှာ သကြားဈေးနှုန်းများ မြင့်တက်လာတာ အပါအဝင် သီးနှံအထွက်နှုန်း ကျဆင်း မှုကြောင့် ကြံစိုက်တောင်သူတွေရဲ့ ကြံအခြေခံစျေး တိုးမြှင့်ပေးရေး တောင်းဆိုချက်များကို စိစစ်ဖြေရှင်း ပေးဖို့အတွက် NITI Aayog အဖွဲ့ဝင်ဟောင်း ရမေးရှ် ချန်း (Ramesh Chand) ဦးဆောင်တဲ့ အဆင့်မြင့် လုပ်ငန်းကော်မတီတစ်ရပ်ကို အိန္ဒိယဗဟိုအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ ကော်မတီမှာ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမား သာယာရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေးကော်မရှင်နာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ ဖြန့်ဖြူးရေးဌာနမှ တွဲဖက်အတွင်းဝန် (သကြား) နဲ့ စားသုံးသူရေးရာဌာနမှ တွဲဖက်အတွင်းဝန် (တရားဝင် တိုင်းတာရေး) တို့ ပါဝင်တယ်လို့ သိရပါတယ်။

အခုလို ကော်မတီဖွဲ့စည်းမှုဟာ ကာနာတာကာနှင့် မဟာရက်ရှ်ထရာ ပြည်နယ်တို့က ကြံစိုက်တောင်သူ ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီး၊ စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ ကြံ အနိမ့်ဆုံးရောင်းဈေး (FRP) တိုးမြှင့်ပေးဖို့ အပါအဝင် သကြားရဲ့ အနိမ့်ဆုံးရောင်း ဈေး (MSP) ကို ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့နဲ့ စက်ဖြင့်ရိတ်သိမ်းထားတဲ့ ကြံတွေရဲ့ အလေးချိန် လျှော့ ချယူမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို စိစစ်ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စိုက်ပျိုးစရိတ်နဲ့ တခြားအရေးပါတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီး ကြံစိုက် တောင်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးအမြတ်ရရှိရေး တောင်းဆိုချက်တွေကို လေ့လာစန်း စစ်သွားမယ်လို့ သိရပါတယ်။

ထုတ်လုပ်မှုကုန်ကျစရိတ်၊ ဈေးကွက်ရရှိမှုနဲ့ သကြားစက်တွေရဲ့ ဘဏ္ဍာရေး ရပ်တည်နိုင်မှုတို့အပေါ် မူ တည်ပြီး သကြားရဲ့ စက်ရုံထွက် အနိမ့်ဆုံးရောင်းဈေး (Ex-mill MSP) ကို ပြန်လည်ပြင်ဆင်ရေး တောင်း ဆိုချက်ကိုလည်း သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ သကြားစက်တွေရဲ့ ထုတ်လုပ်မှု အထွက်နှုန်း (Sugar recovery) ကို ဓာတ်ခွဲစမ်းသပ် တာ အပါအဝင် လုပ်ငန်းစဉ်များ ပွင့် လင်းမြင်သာမှု ရှိ၊ မရှိ စိစစ်ရေး၊ သကြားစက်တွေမှာ လက်ရှိ ကျင့် သုံးနေတဲ့ ကြံအလေးချိန် ချိန်တွယ်မှု အလေ့အထများ၊ စက်ကိရိယာတွေရဲ့ တိကျမှု လျှပ်စစ်ချိန်ခွင် စိစစ် ရေး စနစ်တွေကိုပါ စီစစ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်ယန္တရားတွေနဲ့ ရိတ်သိမ်းမှုကြောင့် အမှန်တကယ် ဆုံးရှုံးမှု ရှိ၊ မရှိနဲ့ အဲ့ဒီ နည်းလမ်းတွေဟာ တောင်သူတွေရရှိမယ့် ကြံဈေးနှုန်းအပေါ် ဘဏ္ဍာရေး မည်မျှထိခိုက်မှုရှိတယ် ဆိုတာကို ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ တောင်သူကိုယ်စားလှယ်များ၊ သကြားစက်အသင်းအဖွဲ့များ၊ ပြည်နယ်အစိုးရများ၊ ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ လိုအပ်သလို တွေ့ဆုံဆွေးနွေးတိုင်ပင်ပြီး ၊ တွေ့ ရှိချက်တွေနဲ့ တိကျတဲ့ အကြံပြုချက်တွေကို အမြန်ဆုံးတင်ပြသွားမယ်လို့ ပြောဆိုထားပါတယ်။

Source: The Business Standard:

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.