ဗီယက်နမ်မှ ဆန်သွင်းခွင့်ပါမစ် ဖိလစ်ပိုင်ရုပ်သိမ်း
The Farmer Times၊ အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၆။
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဌာန (DA) အတွင်းဝန် ဖရန်းစစ်စကို တီယို လော်ရယ်လ် ဂျူနီယာ (Francisco Tiu Laurel Jr.) က ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်သို့ ဦးတည်ထွက်ခွာလာသည့် ပဲဆို ၇၀၀ သန်း (အမေရိ ကန်ဒေါ်လာ ၁၂ သန်းကျော်) တန်ဖိုးရှိ ဆန်တင်သင်္ဘောရဲ့ တင်သွင်းခွင့်ပါမစ်ကို ရေ ပြင်ပိုင်နက်ထဲသို့ မရောက်ရှိမီ ရက်ပိုင်းအလိုမှာ ရုပ်သိမ်းဖို့အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ပြောကြားထားပါတယ်။
အတွင်းဝန် တီယို လော်ရယ်လ် ရဲ့ ပြောကြားချက်အရ MV Tay Son 2 သင်္ဘောပေါ်မှာ တင်ဆောင် လာတဲ့ အဆိုပါ ဆန်ကုန်စည်များအတွက် အပင်စိုက်ပျိုးရေးဦးစီးဌာန (BPI) မှ ထုတ်ပေးထားတဲ့ သန့်ရှင်းရေးနှင့် သီးနှံကျန်းမာရေးဆိုင်ရာ တင်သွင်းခွင့် စိစစ်ချက် (SPSIC) ပါမစ်ကို ဖိလစ်ပိုင်နိုင်ငံ ရေပြင်ပိုင်နက်သို့ မရောက်ရှိမီ ၎င်းရဲ့အမိန့်ဖြင့် ရုပ်သိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တင်သွင်းခွင့်ပါမစ် ရုပ်သိမ်းမှုကို တင်သွင်းသူ Planters Product Inc. (PPI) ရဲ့ တောင်းဆို ချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီဘက်က ၂၅ ရာခိုင်နှုန်း ဆန်ကွဲပါဝင်တဲ့ ဆန်များ တင်သွင်းဖို့ လျှောက် ထားခဲ့ပေမယ့် အမှန်တကယ် တင်ဆောင်လာတဲ့ စာချုပ်ထဲမှာ ၅ ရာ ခိုင်နှုန်း ဆန်ကွဲပါဝင်တဲ့ ဆန်များ ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီဆန်တွေဟာ စိုက်ပျိုးရေး ရိတ်သိမ်းချိန်မတိုင်မီ စားနပ်ရိက္ခာ လိုအပ်ချက်မြင့်မားတဲ့ ဇူလိုင် လမှာ အရောက်ပို့ဆောင်ပေးဖို့ စာ ချုပ်ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် သတ်မှတ်ရက်ထက် ကျော်လွန်သွား ခဲ့တာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း PPI ဘက်က စိုက်ပျိုးရေးဌာနသို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁၂,၄၈၀ တင်ဆောင်လာခဲ့တဲ့ MV Tay Son 2 သင်္ဘောဟာ စက်တင် ဘာလ ၁၄ ရက်နေ့က ဒါဗောင်း (Davao) ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပေမယ့် သင်္ဘောကပ္ပတိန်က အပင်စိုက်ပျိုးရေးဦးစီးဌာန (BPI) ၏ စစ်ဆေးမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အကောက်ခွန်ဦးစီးဌာန (BOC) က သင်္ဘောပေါ်က ကုန်စည်တွေနဲ့ ပတ်သက်လို့ အရေးယူ နိုင်ဖို့ စိစစ်နေစဉ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဒါဗောင်းဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့တာကြောင့် စိုက်ပျိုးရေးဌာနက နိုင်ငံအတွင်း တခြားနေရာတွေမှာ ကုန်ချခွင့်မပြုဖို့ အကောက်ခွန်အာဏာပိုင်တွေထံ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဖိလစ်ပိုင် ရေတပ်က အဆိုပါသင်္ဘောကို ဆာရန်ဂါနီ (Sarangani) ကမ်းလွန်မှာ တားဆီး နိုင်ခဲ့ပြီး ဂျင်နရယ်ဆန်းတိုးစ် (General Santos) ဆိပ်ကမ်းသို့ လိုက်ပါပို့ဆောင်ခဲ့ပေမယ့် ကပ္ပတိန်က စစ် ဆေးမှုတွေကို ထပ်မံငြင်းဆန်ခဲ့တာကြောင့် သင်္ဘောကို ဒါဗောင်းဆိပ်ကမ်းသို့ ပြန်လည်မောင်းနှင်ဖို့ ညွှန် ကြားခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အပင်စိုက်ပျိုးရေးဦးစီးဌာန (BPI) က အဆိုပါ ဆန်တွေကို ဗီယက်နမ်နိုင်ငံသို့ ပြန် လည်ပို့ဆောင်ဖို့ အကြံပြုထားပြီး၊ အကောက်ခွန်ဦးစီးဌာန (BOC) ကလည်း စိစစ်တွေ့ရှိချက်များအပေါ် မူတည်ပြီး ကုန်စည်များကို သိမ်းဆည်းခြင်းနဲ့ ဒဏ်ကြေးငွေ တောင်းခံခြင်းတို့ကို ပြုလုပ်သွားမယ်လို့ ဝန်ကြီး တီယို လော်ရယ်လ် က ပြောကြားခဲ့ပါတယ်။
REF: The Philippine Star
