November 10, 2026

ပြည်ပဝယ်လိုအား ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ဆက်တိုက်ထိုးဆင်းလာ

The Farmer Times၊ အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၆။

ပြည်ပဝယ်လိုအား ကျဆင်းလာမှုနဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့် အခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ဆန် တင်ပို့မှုက သိသိသာသာ ဆက်တိုက်ထိုးဆင်းကျဆင်းနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ထိုင်းဆန်တင်ပို့သူများအသင်း (TREA) ပြောဆိုကြပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာ ကာလအတွင်း ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု ပမာဏက တန်ချိန် ၄ဒသမ၉၉ သန်းသာ ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၉ဒသ မ၂၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။

ဆန်တင်ပို့မှုကနေ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ၉၆ ဘီလီယံ (ဘတ် ၉၄ဒသမ၉ ဘီလီယံကျော်) ရ ရှိခဲ့ပြီး၊ အဓိကအားဖြင့် အရှေ့အ လယ်ပိုင်း ပဋိပက္ခဒဏ်တွေနဲ့ ကမ္ဘာ့ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ပြင်း ထန်လာမှုတို့ကြောင့် ပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ ဝယ်လိုအားတွေ ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုနှစ်မှာ ထိုင်းပြည်တွင်းထွက် ဆန်တွေဟာ တောင်သူတွေရဲ့ စိုက်ပျိုးစရိတ် မြင့်မားမှုနဲ့ တစ်ဧက အ ထွက်နှုန်း နည်းပါးမှုတို့ကြောင့် ပြိုင်ဘက်နိုင်ငံများထက် ဈေးနှုန်းမြင့်မားနေပြီး၊ နိုင်ငံတကာဈေး ကွက် မှာ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းနေတယ်လို့ ထိုင်းဆန်တင်ပို့သူများ အသင်း (TREA) ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Mr. Chukiat Opaswong က ထောက်ပြပြောဆိုထားပါတယ်။

တောင်သူတွေ အနေနဲ့ ရေရှည်မှာ ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်မြင့်မားလာစေဖို့အတွက် အထွက်နှုန်း ကောင်းပြီး ဈေးကွက်ဝင်မယ့် မျိုးသစ်များ တီထွင်ဖော်ထုတ်ပေးကြဖို့နဲ့ စိုက်ပျိုးရေး အခင်းအကျင်း များကို အမြန်ဆုံး ပြုပြင်ပြောင်းလဲပေးဖို့ လုပ်ဆောင်ရာမှာ အစိုးရနဲ့ သက် ဆိုင်ရာဌာနတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၇ ခုနှစ်မှာ ပြည်ပကို ဆန် တန်ချိန် ၇ သန်းအထိ တင်ပို့နိုင်ဖို့ မျှော်မှန်း ထားပြီး၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများဘက်သို့ ဈေးကွက်ချဲ့ထွင်နိုင်ဖို့ ပြင်ဆင်နေတဲ့အပြင် လက်ရှိ ဆန်၊ စပါး စျေးကွက်အတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေများကို ပြန်လည်ကုစားဖို့ ဆောင်ရွက်နေတယ် လို့ သိရပါတယ်။

RFE: Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.