November 19, 2026

The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်

The Farmer Times၊ နိုဝင်ဘာ ၁၆ ရက်၊  ၂၀၂၆

နိုဝင်ဘာ ၆ ရက်မှ  နိုဝင်ဘာ ၁၆ ရက်နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ ဖြစ်ပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ ပဲစဥ်းငုံက စျေးငြိမ်ပြီး  မတ် ပဲက စျေးအေးနေပါတယ်။  ပဲတီစိမ်း(ဝါးခယ်မ)ကလွဲပြီး ကျန်တဲ့ပဲ အမျိုးအစားအားလုံး စျေးတက်ပါတယ်။   မြေပဲစျေးတက်ပြီး၊ နှမ်းစျေးကျပါတယ်။ ကြက်သွန်နီကတော့ အခုတပတ် လက်ကားစျေး အနည်းငယ် ပြန်ကျလာပေမယ့် လက်လီစျေးကွက်မှာတော့ အမြင့်စျေးမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။

မတ်ပဲ ၊ ပဲစင်းငုံ ၊ပဲတီစိမ်း

ပြည်တွင်းမတ်ပဲစျေးက ဒီတပတ်မှာ စျေးပြန်ကျပါတယ်။ အိန္ဒိယက ဝယ်လိုအားရှိပြီး ပြည်ပတင်ပို့မှုလည်း ရှိနေပေမယ့် ပြည်တွင်းမတ်ပဲစျေးက အကျစျေးမှာပဲ လည်နေပါတယ်။ ကုန်သည်ကြီးတွေရဲ့ စျေးကစားမှုကြောင့် ပြည်တွင်း Raw စျေးနဲ့ FAQ စျေးကလည်းကွာဟနေပြီး၊ နယ်မတ်ပဲစျေးတွေလည်း စျေးအနှိမ်ခံနေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ  နိုဝင်ဘာ ၆ ရက်နေ့က  မတ်ပဲ FAQ က တစ်တန်ကို ၃,၇၄၆,၀၀၀ ကျပ်စျေးရှိပြီး၊ အခုတပတ် နိုဝင်ဘာ ၁၆ ရက်မှာတော့ တစ်တန်ကို ၃,၇၀၂,၀၀၀ ကျပ်စျေးကို ဆက်လက် ကျဆင်းခဲ့ပါတယ်။

အလားတူ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ နိုဝင်ဘာ ၆ ရက်နေ့က  ပဲစင်းငုံ (RC) က တစ်တန်ကို ၄,၃၃၅,၀၀၀ ကျပ်စျေးရှိပြီး၊ အခုတပတ် နိုဝင်ဘာ ၁၆  ရက်မှာတော့ တစ်တန်ကို ၄,၃၆၀,၀၀၀  ကျပ် စျေးရှိနေပါတယ်။

ပဲတီစိမ်း(ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ တစ်ပိဿာကို ၅,၅၈၀ ကျပ်စျေးရှိ ပြီး၊ ၈၀ ကျပ်ခန့် မြင့်တက်လာသလို၊ဝါးခယ်မကလည်း တစ်ပိဿာကို ၄,၅၈၀ မှ ၄,၆၀၀  ကျပ်စျေးရှိလာပြီး၊ တစ်ပိဿာကို ၈၀ ကျပ် မြင့်တက်လာပါတယ်။ ပဲတီစိမ်း(အညာ) ကတော့ တစ်ပိဿာကို ၄,၀၀၀ မှ ၄,၀၂၀ ကျပ်နဲ့ စျေးငြိမ်ပါတယ်။

မြေပဲ

အခုရက်ပိုင်းမှာ ဆောင်းမြေပဲ အသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်နေပြီ ဖြစ်ပေမယ့် အရည်အသွေး ကောင်းတဲ့မြေပဲကသာ စျေးကောင်းရရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ  ၆ ရက်နေ့က  မန္တလေးကုန်စည်ဒိုင်မှာ မြေပဲ(S1 လုံးဆံ) တစ်ပိဿာကို ၁၂,၄၀၀ မှ ၁၂,၅၀၀ ကျပ်၊ မြေပဲ(S1ဆီဆံ) က တစ်ပိဿာကို ၁၁,၀၀၀ မှ ၁၂,၂၀၀ ကျပ်၊ မြေပဲ (အနီလုံးဆံ ) က တစ် ပိဿာကို ၁၂,၅၀၀ မှ ၁၂,၈၀၀ ကျပ် အသီးသီးပေါက်စျေးရှိနေပါတယ်။

နိုဝင်ဘာ  ၁၆   ရက်နေ့မှာတော့   မြေပဲ(S1လုံးဆံ) က တစ်ပိဿာကို ၁၂,၀၀၀ မှ ၁၃,၀၀၀ ကျပ်၊ မြေပဲ( S1 ဆီဆံ) က တစ်ပိဿာကို ၁၀,၄၀၀ မှ ၁၂,၀၀၀ ကျပ်၊ မြေပဲ(အနီလုံးဆံ) တစ်ပိဿာကို က ၁၃,၅၀၀ မှ ၁၄,၀၀၀ ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။

နှမ်းရောင်စုံ

နှမ်းအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေတဲ့အတွက်  အခုတပတ်မှာ နှမ်းရောင်စုံ စျေးအေးသွားပါ တယ်။ စျေးအေးပေမယ့်  ပြည်ပနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ အဝယ်ပုံမှန် ရှိနေပါတယ်။

နိုဝင်ဘာ ၆ ရက်က မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုန်) (၄၅ ပိဿာဝင်) တစ်အိတ်ကို  ၅၄၀,၀၀၀ မှ ၆၁၀,၀၀၀ ကျပ်စျေးရှိပြီး၊ နှမ်းဖြူ(ဂျပန်) (၄၅ ပိဿာဝင်) တစ်အိတ်ကို ၅၀၀,၀၀၀ မှ ၅၁၅,၀၀၀ ကျပ်၊ နှမ်းညိုက (၄၅ ပိဿာဝင်) တစ်အိတ်ကို ၄၈၅,၀၀၀   ကျပ် အသီးသီးပေါက်စျေး ရှိနေပါတယ်။

နိုဝင်ဘာ  ၁၆ ရက်နေ့မှာတော့ နှမ်းနက်(စမုန်) (၄၅ ပိဿာဝင်) တစ်အိတ်ကို  ၅၃၀,၀၀၀ မှ ၆၀၀,၀၀၀ ကျပ်စျေးရှိပြီး၊ နှမ်းဖြူ(ဂျပန်) (၄၅ ပိဿာဝင်) တစ်အိတ်ကို ၄၉၀,၀၀၀ မှ ၅၀၀,၀၀၀ ကျပ်၊ နှမ်းညိုက (၄၅ ပိဿာဝင်) တစ်အိတ်ကို ၄၆၅,၀၀၀ မှ ၄၇၀,၀၀၀  ကျပ် အသီးသီး ပေါက်စျေးရှိနေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင် လက်ကားအဖွင့်စျေးမှာပင် တစ်ပိဿာ ၂၀,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ရာကနေ အခုရက်ပိုင်းမှာတော့ ရန်ကုန်ဘုရင့်နောင်ကို ကြက်သွန်အသစ်တွေ ဝင်လာတဲ့အတွက် စျေးအနည်းငယ် ပြန်ကျလာပါတယ်။ နွေကြက်သွန်အ ဟောင်းက ပစ္စည်းလက်ကျန် နည်းလာတဲ့အတွက် အမြင့်စျေးမှာပဲ ဆက်ရပ်တည်နေသလို၊ နယ်ဒေသ လက်လီစျေးကွက်မှာတော့ ကြက် သွန်နီ တစ်ပိဿာ ၂၀,၀၀၀ မှ ၂၅,၀၀၀ ကျပ်အထိ စံချိန်တင်စျေး ဖြစ်နေပါသေးတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ နိုဝင်ဘာ ၆ ရက်က ကြက်သွန်နီ(မြင်းခြံ) တစ်ပိ၁သာကို ၁၀,၀၀၀ မှ ၁၄,၀၀၀ ကျပ်၊ ကြက်သွန်နီ(ဆိပ်ဖြူ)က တစ်ပိ၁သာကို ၁၀,၀၀၀ မှ ၁၃,၈၀၀ ကျပ်၊ ကြက်သွန်နီ (တောင် သာ) က တစ်ပိ၁သာကို ၈,၀၀၀ မှ ၁၀,၀၀၀ ကျပ် ကြက်သွန်နီ (မုံရွာ) က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ် အသီးသီးစျေးဖွင့်ထားတာကို တွေ့ရပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာတော့ ကြက်သွန်နီ(မြင်းခြံ) တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်၊ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၈,၀၀၀ ကျပ်အတွင်း (နှစ်မျိုးကိုသာ)  စျေးဖွင့်ထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်ကတော့ ကြက်သွန်နီ(မြင်းခြံ) တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်၊ ကြက်သွန် နီ(ဆိပ်ဖြူ)က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ်၊ ကြက်သွန်နီ (မုံရွာ) က တစ်ပိ၁သာကို ၁၃,၀၀၀ မှ ၁၉,၀၀၀ ကျပ် အသီးသီးစျေးဖွင့်ထားတာကို တွေ့ရပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်၊ အရပ်သားအစိုးရလက်ထက် ၂၀၂၀ ခုနှစ်က ရန်ကုန်၊ ဘုရင့်နောင်လက် ကားစျေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို ၆၀၀ မှ ၁၀၀၀ ကျပ် အတွင်းသာပေါက်စျေးရှိခဲ့ပြီး၊ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ မကွေးတိုင်း၊ ပခုက္ကူဒေသတို့မှာ ကြက်သွန်နီ တစ်ပိဿာကို အနိမ့်ဆုံးစျေး ၂၀၀ ကျပ်မှ အမြင့်ဆုံး ၃၁၀ ကျပ်ဝန်းကျင်သာ ပေါက်စျေးရှိခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.