September 3, 2026

ဖိလစ်ပိုင်နိုင်ငံက စိုက်ပျိုးရေး၊ ရေကြောင်းစောင့်ကြည့်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာ ကွယ်ရေးအတွက် ဂြိုဟ်တုကွန်ရက်သစ် အီလွန်မတ်ရဲ့ SpaceX နဲ့ ပူးပေါင်းလွှတ်တင်မည်

The Farmer Times၊ ဇွန်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။

ဖိလစ်ပိုင်နိုင်ငံက စိုက်ပျိုးရေးကဏ္ဍ အဆင့်မြှင့်တင်ဖို့၊ ရေကြောင်းစောင့်ကြည့်ဖို့နဲ့ သဘာဝဘေး အန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် “MULA” လို့ခေါ်တဲ့ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုကွန်ရက် တည်ဆောက်မယ့် အစီအစဉ်ကို သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အ တည်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ ဖိလစ်ပိုင်အာကာသအေဂျင်စီ (PhilSA) က ထုတ်ပြန်ထားပါတယ်။

အခုတည်ဆောက်ပြီးစီးထားတဲ့ MULA ဂြိုဟ်တုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အဆင့်မြင့် ဆုံးနဲ့ ကုန်ကျစရိတ်အများဆုံး ဂြိုဟ်တုဖြစ်ပြီး ဖိလစ်ပိုင်ပီဆိုငွေ ၂ဒသမ၅၇၈ ဘီလီယံကျော် ကုန်ခဲ့ပြီး၊ ဖိလစ်ပိုင်အင်ဂျင်နီယာ ၁၆ ဦးက ယူကေနိုင်ငံမှာ သွားရောက်တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂြိုဟ်တုရဲ့ အလေးချိန်ဟာ ၁၃၀ ကီလိုဂရမ်ရှိပြီး၊ ၂၄ နာရီအတွင်း စတုရန်းကီလိုမီတာ ၇၃,၀၀၀ အ ထိ လွှမ်းခြုံကာ နိုင်ငံရဲ့ ကုန်းမြေ၊ ဝေဟင်နှင့် ရေပိုင်နက် အချက်အလက်များကို ထောက်လှမ်းနိုင်စွမ်း ရှိတယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာ MULA ဂြိုဟ်တုကို ယူကေနိုင်ငံက စမ်းသပ်မှုတွေ ပြုလုပ်နေပြီး၊ ၂၀၂၇ ခုနှစ် ဧပြီလအ စော ပိုင်းမှာ အမေရိကန် အာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ SpaceX ရဲ့ Transporter-20 မစ်ရှင်ဖြင့် လွှတ်တင် နိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဂြိုဟ်တုက ရရှိမယ့် အချက်အလက်တွေဟာ စိုက်ပျိုးမြေရဲ့ အခြေအနေ၊ လေထုနှင့် ရေထုအ ရည်အသွေးများကို တိုင်းတာပေးနိုင်မယ့်အပြင်၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းကွက် (ငါးအများဆုံး ရှိနိုင်မယ့် နေ ရာ) တွေကိုပါ ရှာဖွေဖော်ထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းနဲ့ ရေကြီးမှုဒဏ်ကို မကြာခဏခံရလေ့ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ MULA ဂြိုဟ်တုက များစွာ အ ထောက်အကူ ပြုနိုင်ဖို့ ဖိလစ်ပိုင်အစိုးရက မျှော်မှန်းထားပါတယ်။

အဲ့ဒီစီမံကိန်းကို ဂြိုဟ်တုတစ်လုံးတည်းတင်မကဘဲ ပြည်တွင်းမှာပါ လိုင်စင်ဖြင့် ထပ်မံထုတ်လုပ်ပြီး ဂြိုဟ်တုကွန်ရက် (Constellation) အဖြစ် နိုင်ငံတော်ဦးစားပေးအဆင့် သတ်မှတ်တိုးချဲ့သွားမှာ ဖြစ်တဲ့ အတွက် မြေပြင်စောင့်ကြည့်မှု အကြိမ်ရေကို ပိုမိုအသေးစိတ် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

သဘာဝဘေးအန္တရာယ်များကြောင့် မြေပြင်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ချိန်တွင် အစိုးရနှင့် ပြည်သူများ အရေးပေါ်အသုံးပြုနိုင်ဖို့အတွက် အခုလို “နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု” တစ် လုံးကို တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ်ပိုင်အာကာသအေဂျင်စီ ပြောဆိုထားပါတယ်။

MULA ဂြိုဟ်တုကို လာမယ့် ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း Cagayan ရှိ ကွင်းပြင်တစ်ခုကနေ ပထမဆုံးအကြိမ် စမ်းသပ်လွှတ်တင်သွားမှာ ဖြစ်ပါတယ်။

REF: Philippine Daily Inquirer

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.