September 3, 2026

The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်

The Farmer Times၊ ရန်ကုန်၊ ဩဂုတ် ၁၄ ရက်၊  ၂၀၂၆

ဩဂုတ် ၇  ရက်ကနေ ဩဂုတ် ၁၂ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေကို ပြောပြပေးချင်ပါတယ်။

ရန်ကုန်ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့   မတ်ပဲက ပြည်ပဝယ်လိုအား လျော့ကျတဲ့ အခြေအနေကြောင့် အကျစျေးမှာပဲ ဆက်ရှိနေပြီး  ပဲစင်းငုံကလည်း အရင်တပတ်ကလိုပဲ စျေးအတက်အကျ အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေပါတယ်။ ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါက စျေးအတက်ပြလာပြီ၊  ကျန်အမျိုးအစားတွေက စျေးအကျမှာ တည်ငြိမ်နေဆဲ ဖြစ်ပါတယ်။ ကြက်သွန်နီ နဲ့  မြေပဲတော့ စျေးထပ်တက်လာပါတယ်။ နှမ်းနက်(စမုန်)ကလည်း စျေးပြန်တက်လာတာကို တွေ့ရပါ တယ်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

မတ်ပဲကို အိန္ဒိယက အဝယ်ရှိပေမယ့်လည်း ဝယ်လိုအား လျော့ကျသွားတာကြောင့်  စျေးကွက်က အ ရောင်းအဝယ် အေးနေပါတယ်။

ဩဂုတ် ၁၂ ရက်နေ့မှာ  မတ်ပဲ (FAQ )တစ်တန်ကို ၃,၅၀၀,၀၀၀ ကျပ် စျေးရှိခဲ့ပြီး၊ အခုတပတ် ဩဂုတ် ၁၂ ရက်နေ့မှာတော့  မတ်ပဲ (FAQ )တစ်တန်ကို ၃,၅၀၃,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပါတယ်။

ပဲစင်းငုံ (RC) က ဩဂုတ် ၁၂  ရက်နေ့က တစ်တန်ကို ၃,၂၂၀,၀၀၀ ကျပ်စျေးရှိခဲ့ပြီး၊ ဩဂုတ် ၁၂  ရက်နေ့ မှာတော့  တစ်တန်ကို ၃,၂၀၈,၀၀၀ ကျပ် စျေးရှိနေပါတယ်။

ပဲတီစိမ်း (ခရမ်းရွှေဝါ) နဲ့ ပဲခူးရွှေဝါကတော့  ဩဂုတ် ၁၂ ရက်နေ့မှာ တစ်ပိဿာကို ၅,၆၆၅ ကျပ်ရှိလာပြီး    ဝါးခယ်မက ၄,၈၃၀ မှ ၄,၈၅၀ ကျပ်၊ ပဲတီစိမ်း(အညာ)ကတော့          တစ်ပိဿာကို ၄,၀၀၀ မှ ၄,၀၂၀ ကျပ်အ တွင်း စျေးရှိနေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ အခုတပတ်မှာလည်း စျေးနူန်းထပ်တက်လာတာကို တွေ့ရပါတယ်။ ပြည်ပက ဝယ် လိုအားကောင်းပြီး ပစ္စည်းကောင်းရှားတဲ့အတွက်   စျေးဆက်တိုက် မြင့်တက်လာတာ ဖြစ်ပါတယ်။ တစ် ပတ်အတွင်း တစ်ပိဿာကို ၃၀၀ ကျပ်လောက် စျေးထပ်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က  ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ(ဆိပ်ဖြူနဲ့ မြင်းခြံ) က  တစ်ပိဿာကို ၅,၀၀၀ မှ ၆,၀၀၀ ကျပ်၊ မုံရွာက ၅,၂၀၀ မှ ၆,၁၀၀ ကျပ် စျေးရှိခဲ့ပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့မှာတော့  ဆိပ်ဖြူက တစ်ပိဿာကို ၅,၀၀၀ မှ ၆,၂၀၀ ကျပ်နဲ့ မြင်းခြံက  ၅,၃၀၀ မှ ၆,၃၀၀ ကျပ်၊ မုံရွာက ၅,၂၀၀ မှ ၆,၄၀၀ ကျပ် အသီးသီး စျေးမြင့်တက်လာတာကို တွေ့ရပါတယ်။

မြေပဲ

မြေပဲကတော့ ပြည်တွင်းပဲမျိုးစုံ စျေးကွက်ထဲကို မိုးပဲအသစ်တွေ ဝင်ရောက်နေပေမယ့်လည်း  ဝယ်လို အား ကောင်းတဲ့အတွက် စျေးက ထပ်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ မန္တလေးကုန်စည်ဒိုင်မှာ မြေပဲ(S1လုံးဆံ) တစ်ပိဿာကို ၁၃,၅၀၀ ကျပ်၊ S1 ဆီဆံက ၁၂,၅၀၀ မှ ၁၃,၀၀၀ ကျပ်၊ အနီလုံးဆံ (ရှည် / ဝိုင်း)  က ၁၂,၅၀၀ မှ ၁၃,၀၀၀ ကျပ်၊ အနီဆီဆံက ၁၂,၀၀၀ မှ ၁၂,၅၀၀ ကျပ် အသီးသီးပေါက်စျေးရှိခဲ့ပါတယ်။

ဩဂုတ် ၇ ရက်နေ့မှာတော့ S1လုံးဆံ တစ်ပိဿာကို ၁၃,၅၀၀ မှ ၁၃,၈၀၀ ကျပ်၊ S1ဆီဆံက ၁၂,၅၀၀ မှ ၁၃,၅၀၀ ကျပ် ၊ အနီလုံးဆံ (ရှည် / ဝိုင်း)  က ၁၃,၂၀၀ မှ ၁၃,၈၀၀ ကျပ်၊ အနီဆီဆံ (ညာ)က ၁၂,၅၀၀ မှ ၁၂,၈၀၀ ကျပ်ထိ စျေးမြင့်တက်ခဲ့ပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံ တစ်ပိဿာကို ၁၃,၅၀၀ မှ ၁၄,၅၀၀ ကျပ်၊ S1ဆီဆံက ၁၂,၅၀၀ မှ ၁၄,၀၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း)  က ၁၄,၀၀၀ မှ ၁၄,၅၀၀ ကျပ်၊ အနီဆီဆံ (ညာ )က ၁၃,၅၀၀ မှ ၁၃,၈၀၀ ကျပ်ထိ ထပ်မံမြင့်တက်လာတာကို တွေ့ရပါတယ်။

နှမ်း

နှမ်းနက်(စမုန်) အပါအဝင် နှမ်းမျိုးစုံအသစ်တွေ စျေးကွက်ထဲ ဝင်ရောက်မှုရှိနေပေမယ့်၊ ပြည်တွင်းဆီ စက်ပိုင်ရှင်တွေနဲ့ ပြည်ပက အဝယ် လိုက်လာလို့ စျေးကဆက်တက်နေပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၇  ရက်နေ့က  မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုန်) ၄၅ ပိဿာဝင် တစ်အိတ်ကို  ၄၀၀,၀၀၀ မှ ၄၈၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)က ၄၁၅,၀၀၀ မှ ၄၂၅,၀၀၀ ကျပ်၊  နှမ်းညိုက ၃၉၀,၀၀၀ မှ ၄၀၀,၀၀၀ ကျပ် အသီးသီးစျေးရှိခဲ့ပါတယ်။ 

ဩဂုတ်လ ၁၂  ရက်နေ့မှာတော့ နှမ်းနက်(စမုန်) က ၄၅ ပိဿာဝင် တစ်အိတ်ကို  ၄၂၀,၀၀၀ မှ ၅၂၀,၀၀၀ ကျပ်၊ နှမ်းဖြူ(ဂျပန်)က ၄၃၀,၀၀၀ မှ ၄၅၀,၀၀၀ ကျပ်၊  နှမ်းညိုက ၄၁၀,၀၀၀ မှ ၄၂၀,၀၀၀ ကျပ်ထိ မြင့် တက်လာတာကို တွေ့ရပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး စျေးကွာဟမှု ရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.