July 22, 2026

ဘန်ကောက်မှာ ရထားနဲ့ ဘတ်စ်ကား တိုက်မိပြီး လူ ၈ ဦးထက်မနည်း သေဆုံး

The Farmer Timesမေလ ၁၆ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မက္ကဆန် အဲပို့တ်ရေးလင့်ခ် (Makkasan Airport Rail Link) ဘူတာရုံအနီး ရထားလမ်းဖြတ်ကူးရာမှာ မေလ ၁၆ ရက် ဒီနေ့ညနေပိုင်းက ရထားနဲ့ အများပြည်သူစီး ဘတ်စ်ကားတို့ ပြင်းထန်စွာ တိုက်မိခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးပြီး၊ လူအများအပြား ဒဏ်ရာရရှိခဲ့တယ် လို့ ထိုင်နိုင်ငံ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ မတော်တဆမှုဟာ ညနေ ၃ နာရီ မိနစ် ၄၀ ဝန်းကျင်က အာဆုတ်-ဒင်ဒန်း (Asok-Din Daeng) လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးဈ ရထားက လမ်းဖြတ်ကူးနေတဲ့ ဘတ်စ်ကားကို တိုက်ရိုက်ဝင်တိုက် မိခဲ့တာကြောင့် မီးလောင်မှုပါ ဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်နေရာကို ကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားချိန်မှာတော့ ဘတ်စ်ကား အပြင် လမ်းပေါ်မှာရှိနေတဲ့ ဆိုင်ကယ်တွေနဲ့ ကိုယ်ပိုင်ကားတချို့ပါ မီးလောင်ကျွမ်းနေတယ်လို့ ဆိုပါ တယ်။

ထိုင်းလူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေအရ မီးလောင်ပျက်စီးနေတဲ့ ဘတ်စ်ကားနဲ့အ တူ လဲကျနေတဲ့ ဆိုင်ကယ်တွေကို တွေ့ရပြီး မီးခိုးနက်ကြီးတွေဟာ အနီးနားပတ်ဝန်းကျင် ခရိုင်တွေကပါ လှမ်းမြင်ရတဲ့အထိ မြင့်တက်ခဲ့ပါတယ်။

ဒေသတွင်း သတင်းမီဒီယာအချို့ရဲ့ အဆိုအရ ရထားတိုက်မိတဲ့အရှိန်ကြောင့် ဘတ်စ်ကားဟာ နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကနဦးသတင်းတွေအရ ဘတ်စ်ကားပေါ်ပါလာသူ ၆ ဦး သေဆုံးခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသူအရေအတွက်ဟာ ၈ ဦးအထိ ရှိလာတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားသော်လည်း အာဏာပိုင်တွေဘက်ကတော့ သေဆုံး၊ ဒဏ်ရာရ စာရင်းအတိအကျကို တရား ဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရထား လမ်းအချက်ပြစနစ် ချို့ယွင်းချက်ကြောင့်လား ဒါမှမဟုတ် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုကြောင့်လား ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ အတည်မပြုနိုင်သေးပါဘူးလို့ ပြောဆိုထားပါတယ်။

အခုမတော်တဆမှု ဖြစ်ပွားတဲ့ ရထားလမ်းဖြတ်ကူးနေရာဟာ အရင် ကလည်း မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်လေ့ရှိတဲ့နေရာဖြစ်ပြီး အများစုမှာ ယာဉ်မောင်း တွေနဲ့ ဆိုင်ကယ်စီးသူတွေဟာ ရထားလာနေတဲ့ အချက်ပြမီးကို ဂရုမစိုက်ဘဲ အတင်းဖြတ်မောင်းမှုတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံ တွေက ပြောဆိုထားပါတယ်။

Source: Thaiger

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.