July 21, 2026

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပို့ကုန်ပဲတွေ ဈေးဆက်လက်မြင့်တက်နေပြီး ​ကြက်သွန်၊အာလူးနဲ့ရေထွက်ကုန်များ စျေးတည်ငြိမ်နေ

The Farmer Times မေလ ၂၁ ရက်၊ ၂၀၂၆

ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်လိုက်နေတာကြောင့် အရောင်းအဝယ်သွက်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်နဲ့ အာလူးကတော့ နယ်စုံကနေ ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးအတက်အ ကျ သိပ်မရှိဘဲ တည် ငြိမ်နေတာကို တွေ့ရပါတယ်။  နယ်စုံက ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် အတက်အကျ သိပ်မရှိဘဲ ဈေးတည်ငြိမ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ မေလ ၂၀ ရက်နေ့ ဈေးကွက်သုံးသပ်ချက်အရ မတ်ပဲ (FAQ/RC) က ဈေးကွက်အတွင်း အဝယ်လိုက်နေတာကြောင့် တစ်တန်ကို ၃,၀၇၆,၀၀၀ ကျပ်အထိ ဈေး မြင့်တက်လာပြီး ကွန်တိန်နာ ၁၅ လုံးထိ အရောင်းအဝယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်ပဲ (SQ/RC) ကတော့ တစ်တန်ကို ၃,၃၉၆,၀၀၀ ကျပ်နဲ့  တည်ငြိမ်နေပါတယ်။

ပဲစင်းငုံနီ(RC) ကတော့ တစ်တန်ကို ၃,၁၅၅,၀၀၀ ကျပ်ထိ ပေါက်စျေးရှိနေပြီး၊ ကွန်တိန်နာ ၁၀ လုံးခန့် အရောင်းအဝယ် ဖြစ်ခဲ့လို့ မတ်ပဲနည်းတူ ဈေးကွက်စီးဆင်းမှု ကောင်းမွန်နေတာကို တွေ့ရပါတယ်။

ပဲတီစိမ်း(အညာ၊ ခရမ်းရွှေဝါ၊ ပဲခူးရွှေဝါ၊ ဝါးခယ်မ) ကတော့ တစ်ပိဿာကို ၅,၅၀၀ ကျပ်မှ ၆,၆၈၅ ကျပ်၊ ထောပတ်ပဲ ၄,၃၈၅ ကျပ်နဲ့ ကုလားပဲဖြူလုံးကြီး ၄,၁၂၀ ကျပ်မှ ၄,၂၁၀ ကျပ်ဝန်းကျင် အသီးသီးပေါက် စျေးရှိနေပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်။

မီးဖိုချောင်သုံးသီးနှံတွေဖြစ်တဲ့ ကြက်သွန်ဖြူ (ကြူကုတ်) ကလွဲရင် ကျန်တဲ့သီးနှံတွေကတော့ ကားစီးရေ အလိုက် ကုန်စည်စီးဆင်းမှု ပုံမှန်ရှိနေလို့ ဈေးတည်ငြိမ်နေပါတယ်။

ကြက်သွန်နီ(ဆိပ်ဖြူ)နဲ့ ကြက်သွန်နီ(မုံရွာ)က တစ်ပိဿာကို ၂,၅၀၀ ကျပ်၊ ကြက်သွန်နီ(ရွှေဘို) က တစ် ပိဿာကို ၂,၈၀၀ ကျပ် ပေါက်စျေးရှိပြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ကို မေလ ၂၀ ရက်နေ့က  စုစုပေါင်း ကား စီးရေ ၁၆ စီး၊ ပိဿာချိန် ၉၆,၀၀၀ ခန့် ဝင်ရောက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ တစ်ပိဿာကို ၁၉,၅၀၀ ကျပ်ထိ စျေးမြင့်တက်နေပြီး၊ အာလူးက တော့ အောင်ပန်း A1 တစ်ပိဿာကို ၁,၈၀၀ ကျပ်၊ OK/S1 အုပ်စုက  တစ်ပိဿာကို ၂,၅၀၀ ကျပ် ပေါက် စျေးရှိနေပြီး၊ ကားစီးရေ ၁၁ စီး၊ ပိဿာချိန် ၆၆,၀၀၀ ခန့် ဈေးကွက်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

ငရုတ်ခြောက် ဆင်ဖြူကျွန်း(ပု)က တစ်ပိဿာကို ၃၁,၀၀၀ ကျပ်မှ ၃၂,၀၀၀ ကျပ်အထိ ဈေးအမြင့်ဆုံးမှာ တည်ငြိမ်နေပြီး၊ မေလ ၂၀ ရက်နေ့က အိတ်ရေ ၆၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ညောင်ဦးဆေးရှယ် ထန်းလျက်ကတော့ တစ်ပိဿာကို ၆,၂၀၀ ကျပ်ခန့် ပေါက်ဈေးရှိနေပါတယ်။

ရေထွက်ကုန်စျေးကွက်မှာတော့ ဖျာပုံရွှေပုစွန်ခြောက်(ရှယ်)က တစ်ပိဿာကို ၂၇၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ်အထိ အမြင့်ဆုံးဈေးတန်းမှာ ရှိနေပြီး၊ မြိတ်ပုစွန်လတ်က ၁၁၅,၀၀၀ ကျပ်ထိ ပေါက် စျေးရှိပါတယ်။

ငါးခြောက်ဈေးကွက်မှာတော့ ငါးရံ့ခြောက်ကြီးက တစ်ပိဿာကို ၁၁၀,၀၀၀ ကျပ်၊ ငါးပုတ်ခြောက် (ရှယ်)က တစ်ပိဿာကို ၆၅,၀၀၀ ကျပ်နဲ့ ငါးနီတူခြောက်က တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးကွက်တည်ငြိမ်နေတာကို တွေ့ရပါတယ်။

လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စျေးကွက်အခြေအနေအရ ပြည်ပတင်ပို့မှုရှိတဲ့ ပဲအမျိုးအစားဖြစ်တဲ့ (မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း) တို့က အရောင်းအဝယ် စျေးကွက်ပေါ် မူတည်ပြီး စျေးနှုန်းအပြောင်းလဲများ ရှိနိုင်ပါတယ်။

ကျန်တဲ့ ပြည်တွင်းစားသုံးမှုအခြေခံ မီးဖိုချောင်သုံးနဲ့ ရေထွက်ကုန်တွေကတော့ လာမယ့်ရက်ပိုင်းတွေမှာ လည်း ကုန်စည်ဝင်ရောက်မှု မှန်ကန်နေဦးမှာဖြစ်လို့ ဈေးနှုန်းတွေ သိသိသာသာ ပြောင်းလဲဖို့မရှိဘဲ ဆက် လက်တည်ငြိမ်နေဦးမယ့် သဘောမှာ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သုံးသပ်ပါတယ်။

‘The Farmer Times’ က သုံးသပ်တင်ဆက်ပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းများသည် လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူ တည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.