The Farmer Times၊ ဇွန်လ ၅ ရက်၊ ၂၀၂၆။
ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံက ဈေး ကွက်အတွင်း အဝယ်ပုံမှန်ရှိနေတာကြောင့် ကွန်တိန်နာ အစီးရေအလိုက် အရောင်းအဝယ် ခပ်သွက် သွက် အရောင်းအဝယ် ဖြစ်နေပြီး၊ မီးဖိုချောင်သုံး သီးနှံတွေဖြစ်တဲ့ ကြက်သွန်၊ အာလူးနဲ့ ရေထွက်ကုန် တွေကတော့ နယ်စုံကနေ ကုန်စည်ဝင်ရောက်မှု ပုံမှန်ရှိနေတာကြောင့် ဈေးအတက်အကျ သိပ်မရှိဘဲ တည်ငြိမ်နေတာကို တွေ့ရပါတယ်။
မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဇွန်လ ၄ ရက်နေ့ ဈေးကွက်ပေါက်စျေးအရ မတ်ပဲ (FAQ/RC) (2026) က ဈေးကွက်အတွင်း အဝယ်ရှိနေတာကြောင့် တစ်တန်ကို ၃,၀၄၆,၀၀၀ ကျပ်ပေါက် ဈေးရှိပြီး ကွန်တိန်နာအလုံး ၄၀ ထိ အရောင်းအဝယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်ပဲ SQ/RC (2026)က တစ်တန်ကို ၃,၃၄၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး၊ ကွန်တိန်နာ ၁၅ လုံးစာ အ ရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
ပဲတီစိမ်း RC (2026) ကတော့ တစ်တန်ကို ၃,၁၂၀,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိနေပြီး၊ ကွန်တိန်နာ ၁၅ လုံး စာ အဝယ်ရှိခဲ့ပါတယ်။
မတ်ပဲ RAW (2026)က လက်ငင်းပေါက်ဈေး တစ်ပိဿာကို ၄,၉၄၀ ကျပ်မှ ၄,၉၇၅ ကျပ်အတွင်း ပေါက် စျေး ရှိနေပါတယ်။
ပဲစင်းငုံနီကတော့ ပဲပုဒ်မြစ်ဝကျွန်းပေါ် (ဆီတိုး) တစ်ပိဿာကို ၇,၆၆၅ ကျပ်မှ ၁,၈၃၅ ကျပ်ဝန်းကျင်၊ (အထွက်တိုး) ကတော့ ၇,၅၀၀ ကျပ်မှ ၇,၅၈၅ ကျပ် အသီးသီး ပေါက်ဈေးရှိနေပါတယ်။
ကုလားပဲဖြူလုံးကြီး တစ်ပိဿာကို ၄,၁၂၀ ကျပ်မှ ၄,၂၁၀ ကျပ်၊ ကုလားပဲခြမ်းက ၅,၂၀၀ ကျပ်မှ ၅,၆၀၀ ကျပ်ပေါက်ဈေးရှိနေပြီး၊ ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်။ ပဲကြီး (ကုန်း)ကတော့ ၉,၁၃၀ ကျပ်မှ ၉,၃၀၅ ကျပ်အထိ ပေါက်စျေးရှိနေပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး
မီးဖိုချောင်သုံး ကုန်စည်စီးဆင်းမှုမှာတော့ နယ်စုံကနေ ကုန်ကားတွေ ပုံမှန်ဝင်ရောက်နေလို့ ဈေးနှုန်းတွေ ငြိမ်နေတာကို တွေ့ရပါတယ်။
ဈေးကွက်ထဲကို ကြက်သွန်နီ ကုန်ကား ၂၃ စီး (စုစုပေါင်း ပိဿာချိန် ၁၃၈,၀၀၀) လောက် ဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူ (ရှယ်) တစ်ပိဿာကို ၃,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ဆိပ်ဖြူ(လတ်ကြီး၊ လတ်လတ်၊ လတ်ချော) အမျိုးအစားအလိုက် ၁,၉၅၀ ကျပ်မှ ၂,၈၅၀ ကျပ်အတွင်း အသီးသီး ပေါက်စျေးရှိနေပါ တယ်။
ကြက်သွန်ဖြူ (ကြူကုတ်)ကတော့ တစ်ပိဿာကို ၂၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ အောင်ပန်း ထူးရှယ်လိုင်းတွေက တော့ (ထူး-၂ မှ ထူး-၅) အထိ အမျိုးအစားအလိုက် တစ်ပိဿာကို ၅,၀၀၀ ကျပ်မှ ၈,၅၀၀ ကျပ်အတွင်း စျေးပေါက်နေပါတယ်။ စုစုပေါင်းအိတ်ရေ ၁,၀၀၀ (ပိဿာချိန် ၂၀,၀၀၀) ခန့် ဈေး ကွက်ထဲ ဝင်ရောက်ခဲ့တယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်က ဆိုပါတယ်။
အာလူး(အောင်ပန်း-A1) တစ်ပိဿာကို ၁,၇၀၀ ကျပ်၊ OK နှင့် S1 အုပ်စုကတော့ တစ်ပိဿာကို ၂,၄၀၀ ကျပ် အသီးသီးပေါက်ဈေးရှိနေပါတယ်။
ငရုတ်သီးခြောက်စျေးကွက်မှာတော့ မြစ်ဝကျွန်းပေါ် မိုးထောင်ဦးက တစ်ပိဿာကို ၁၂,၀၀၀ ကျပ်မှ ၁၂,၅၀၀ ကျပ်၊ ဆင်ဖြူကျွန်း (ပု) ကတော့ ၃၂,၅၀၀ ကျပ်မှ ၃၃,၅၀၀ ကျပ်အတွင်း ပေါက်ဈေးရှိနေပြီး၊ စျေးကွက်ထဲကို ငရုတ်သီးခြောက် အိတ် ၃၀၀ (ပိဿာချိန် ၆,၀၀၀) ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါ တယ်။
ပုစွန်ခြောက်၊ ငါးခြောက်
ဖျာပုံရွှေသီးပုစွန်ခြောက် (ရှယ်)က တစ်ပိဿာကို ၂၇၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ် အထိ အမြင့်ဆုံး ဈေးတန်းမှာ တည်ငြိမ်နေပြီး ဖျာပုံရွှေသီး (လတ်) ကတော့ ၈၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ငါးရံ့ခြောက်ကြီးက တစ်ပိဿာကို ၁၁၀,၀၀၀ ကျပ်၊ ငါးကျည်းခြောက် ဗိုလ်ကတုံးကြီးက တစ်ပိဿာကို ၉၅,၀၀၀ ကျပ်၊ ငါးပုတ်ခြောက် (ရှယ်) တစ်ပိဿာကို ၆၅,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်နှင့် ငါးနီတူခြောက် က တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးကွက်တည်ငြိမ်နေပြီး၊ ပုံမှန်အရောင်းအဝယ် ရှိနေပါ တယ်။
လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စျေးကွက်အခြေအနေအရ ပြည်ပတင်ပို့မှုရှိတဲ့ ပဲအမျိုးအစားဖြစ်တဲ့ (မတ်ပဲ၊ ပဲတီစိမ်း) တို့က နိုင်ငံတကာ အဝယ်နဲ့ စျေးကွက်ဝယ်လိုအားပေါ် မူတည်ပြီး စျေးနှုန်းအပြောင်း အလဲ အနည်းငယ် ရှိနိုင်ပါတယ်။
ပြည်တွင်းစားသုံးမှုအခြေခံ မီးဖိုချောင်သုံးနဲ့ ရေထွက်ကုန်တွေကတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ လည်း ကုန်စည်ဝင်ရောက်မှု မှန်ကန်နေဦးမှာဖြစ်လို့ ဈေးနှုန်းတွေ သိသိသာသာ ပြောင်းလဲဖို့မရှိဘဲ ဆက် လက်တည်ငြိမ်နေဦးမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သုံးသပ်ထားပါ တယ်။
‘The Farmer Times’ က သုံးသပ်တင်ပြပေးထားတဲ့ ဘုရင့်နောင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းတွေဟာ လက္ကားဈေးနှုန်းများသာဖြစ်ပြီး လက်လီဈေးကွက်အတွင်း ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။














