July 12, 2026

လာအိုနိုင်ငံက သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ လွယ်ကူမြန်ဆန်စေဖို့ အွန်လိုင်းပလတ်ဖောင်းသစ်ကို မိတ်ဆက်

The Farmer Times၊ ဇွန်လ ၅ ရက်၊ ၂၀၂၆

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံရဲ့ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟာ စိုက် ပျိုးရေးထွက်ကုန်တွေ ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းသွင်းကုန် စီမံခန့်ခွဲမှုကဏ္ဍတွေကို ခေတ်မီဒစ်ဂျစ်တယ် စနစ် ပြောင်းလဲဖို့အတွက် “Agro-Link” လို့ခေါ်တဲ့ အွန်လိုင်းစနစ်သစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီအွန်လိုင်းပလတ်ဖောင်းသစ် မိတ်ဆက်ပွဲ အခမ်းအနားကို လာအိုနိုင်ငံ ဝန်ကြီးချုပ် ပွန်ဆေးဆီပန်ဒုန်နဲ့ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ လင်းခမ်းဒူအန်ဆာဗန်တို့ကိုယ်တိုင် တက် ရောက်ဖွင့်လှစ်ပေးခဲ့ကြတာပါ။

အဆိုပါ စနစ်သစ်ဟာ ကုန်သွယ်ရေး ဒေတာအချက်အလက် စီမံခန့်ခွဲမှုကို ပိုမိုအားကောင်းစေပြီး၊ ပွင့် လင်းမြင်သာမှုရှိစေတဲ့အပြင် လုပ်ငန်းခွင် ကြာမြင့်ချိန်တွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပကို ပိုမိုတင်ပို့နိုင်ဖို့ အစိုးရရဲ့ ရည်မှန်း ချက်တွေကို အဓိက ပံ့ပိုးပေးသွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

အခုလို လုပ်ဆောင်တာဟာ လာအိုနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ် မှုတွေကို ဖြေရှင်းဖို့နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မယ့် လွတ်လပ်တဲ့ စီးပွားရေးစနစ်တစ်ခု ဖော်ဆောင်ဖို့အတွက် အစိုးရရဲ့ အားထုတ်မှုတစ်ရပ် ဖြစ်တယ်လို့ လာအိုနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။

ဒီ Agro-Link စနစ်ကနေတစ်ဆင့် တာဝန်ရှိသူတွေအနေနဲ့ စိုက်ပျိုးရေးကုန်သွယ်မှု လုပ်ငန်းစဉ်တွေကို အချိန်နဲ့တပြေးညီ (Real-time) စောင့်ကြည့်မှတ်တမ်းတင်နိုင်မှာဖြစ်ပြီး၊ သက်ဆိုင်ရာကဏ္ဍ အသီးသီး ကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုကောင်းမွန်စေဖို့ ရည်မှန်းထားပါတယ်။

ဒါ့အပြင် လာအိုနိုင်ငံရဲ့ အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စိုက် ပျိုးရေးကဏ္ဍရဲ့ ပျမ်းမျှတိုးတက်မှုကို နှစ်စဉ် ၄ဒသမ၁ ရာခိုင်နှုန်းမှာ ထိန်းထားနိုင်ဖို့၊ နိုင်ငံတော်ရဲ့ စုစု ပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၂၀ဒသမ၇ ရာခိုင်နှုန်းအထိ ပါဝင်ပံ့ပိုးပေးနိုင်ဖို့နဲ့ စိုက်ပျိုးရေးထွက် ကုန် ပြည်ပတင်ပို့မှုတန်ဖိုးကို တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ဒသမ၉ ဘီလီယံအထိ မြင့်တက်လာ စေဖို့အတွက် ဒီစနစ်က များစွာအထောက်အကူပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Agro-Link ပလတ်ဖောင်းဟာ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေအတွက် သွင်းကုန်ထုတ် ကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကို လျှော့ချပေးပြီး လွယ်ကူမြန်ဆန်စေမယ့်အပြင်၊ ကုန်ကျစရိတ်တွေကို သက်သာ စေပြီး တိကျမှန်ကန်တဲ့ ကုန်သွယ်မှု သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ ရယူနိုင်မှာ ဖြစ်ပါ တယ်လို့ လာအိုနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက ပြောဆိုထားပါတယ်။

REF: Vientiane Times

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.