ဘူတန်နိုင်ငံမှာ တရားမဝင်ဝက်သား တင်သွင်းမှုတွေကြောင့် ကျမ်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်နေ
The Farmer Times၊ ဇွန်လ ၆ ရက်၊ ၂၀၂၆
ဘူတန်နိုင်ငံတောင်ပိုင်းက ဝက်မွေးမြူရေးတောင်သူတွေဟာ စျေးကွက်အတွင်း ဝက်သားဝယ် လိုအား ကျဆင်းလာတာ၊ တရားမဝင် အသားတင်သွင်းမှုတွေ ရှိနေတာနဲ့ အာဖရိကန်ဝက်အဖျား ရောဂါ (ASF) မကြာခဏ ဖြစ်ပွားနေတာ စတဲ့ ရေရှည်စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေ သတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
လတ်တလောမှာ အစိုးရဘက်က စျေးကွက်အခြေအနေကို အကဲဖြတ်ဖို့ အမျိုးသားကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး၊ ဝက်မွေးမြူရေး တောင်သူတွေအတွက် စျေးနှုန်းအာမခံချက် အစီအစဉ်တွေ လုပ်ဆောင် ပေးနေပေမယ့်လည်း၊ ပြည်တွင်းဝက်သား ဝယ်လိုအားက ကျဆင်းနေတာကြောင့် စျေးနှုန်းအပေါ်မှာပဲ အခြေခံတဲ့ ဒီလိုဖြေရှင်းချက်တွေဟာ သိပ်ပြီးအဆင်မပြေလှဘူးလို့ တောင်သူတွေက ပြောဆိုနေကြတာပါ။
ဘူတန်နိုင်ငံရဲ့ စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (BFDA) ကနေ တရားဝင် ထောက်ခံချက် ယူပြီးမှ အသားတင်သွင်းရမယ်ဆိုတဲ့ စည်းမျဉ်းတွေ ရှိနေပေမယ့်လည်း၊ နယ်စပ်ဒေသတွေကနေ မှောင် ခိုဝင်ရောက်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်လို့ ပြည်တွင်းထုတ်လုပ်သူတွေကို နစ်နာစေ တဲ့အပြင် ဇီဝလုံခြုံရေး (Biosecurity) ကိုပါ ထိခိုက်လာစေတာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဘူတန်နိုင်ငံဟာ စာရင်းဇယားတွေအရ ၂၀၂၄ ခုနှစ်မှာ ဝက်သားတန်ချိန် ၂၁၉ တန်ခန့် တင်သွင်းခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာ ၁.၁၄ တန်နဲ့ ၂၀၂၂ ခုနှစ်မှာ ၁,၂၂၄ မက်ထရစ်တန် အသီးသီး တင်သွင်းခဲ့တာကို တွေ့ရပါတယ်။
ဒီပမာဏက မြေပြင်တကယ့်လက်တွေ့မှာ မှောင်ခိုဝင်နေတဲ့ ပမာဏရဲ့ အစိတ်အပိုင်း အနည်းငယ်ပဲ ရှိဦး မယ်လို့ ခန့်မှန်းကြပါတယ်။
အဓိကအားဖြင့် တရားမဝင်ဝက်သားတွေဟာ အိန္ဒိယကနေ အဓိက ဝင်ရောက်နေတာဖြစ်ပြီး၊ တ ရားဝင် တင်သွင်းတဲ့ ရေခဲကားတွေထဲမှာ အသားတွေကို ဝှက်ပြီး သယ်ဆောင်တာမျိုးတွေအပြင်၊ တခြားတ ရားဝင် ကုန်စည်တွေထဲမှာ ရောနှောဝှက်သယ်တဲ့ နည်းလမ်းတွေကိုသုံးပြီး စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းနေကြတာ ဖြစ်ပါတယ်။
ဝက်တွေမှာ ဇီ၀ဆိုင်ရာ ကျမ်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာရတာက အထူးသဖြင့် ဟိုတယ်နဲ့ စား သောက်ဆိုင်တွေက ထွက်ရှိတဲ့ အစားအစာ အကြွင်းအကျန်တွေကို ဝက်စာအဖြစ် ကျွေးရာကနေ အဲဒီ စွန့်ပစ်စားသောက်ကုန်တွေကတစ်ဆင့် ဗိုင်းရပ်စ်ဟာ ဝက်အုပ်စုထဲကို အလျင်အမြန် ပျံ့နှံ့သွားတာလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
ဒါကြောင့် လက်ရှိမှာ အကြီးစား စီးပွားဖြစ် မွေးမြူရေးခြံတွေ အနေနဲ့ ရောဂါကူးစက်မှုအန္တရာယ် လျှော့ ချနိုင်ဖို့အတွက် အစားအစာ အကြွင်းအကျန်တွေ ကျွေးတာကို လျှော့ချပြီး၊ စနစ်တကျ ထုပ်ပိုးထားတဲ့ ဝက်စာတွေ ကျွေးတာအပြင် ခြံစည်းရိုးခတ်တာနဲ့ ဝင်ထွက်သွားလာမှုကို ကန့် သတ်တဲ့ ဇီဝလုံခြုံရေး စနစ်တွေကို ပိုမိုတင်းကျပ်စွာ ကျင့်သုံးလာကြတယ်လို့ သိရပါတယ်။
REF: KP Sharma / Kuensel
