ဘူတန်နိုင်ငံမှာ တရားမဝင်ဝက်သား တင်သွင်းမှုကြောင့် ကျမ်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်နေ
The Farmer Times၊ ဇွန်လ ၇ ရက်၊ ၂၀၂၆
ဝက်တွေမှာ ဇီ၀ဆိုင်ရာ ကျမ်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာရတာက အထူးသဖြင့် ဟိုတယ်နဲ့ စား သောက်ဆိုင်တွေက ထွက်ရှိတဲ့ အစားအစာ အကြွင်းအကျန်တွေကို ဝက်စာအဖြစ် ကျွေးရာကနေ အဲဒီ စွန့်ပစ်စားသောက်ကုန်တွေကတစ်ဆင့် ဗိုင်းရပ်စ်ဟာ ဝက်အုပ်စုထဲကို အလျင်အမြန် ပျံ့နှံ့သွားတာလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
ဒါကြောင့် လက်ရှိမှာ အကြီးစား စီးပွားဖြစ် မွေးမြူရေးခြံတွေ အနေနဲ့ ရောဂါကူးစက် မှုအန္တရာယ် လျှော့ချနိုင်ဖို့အတွက် အစားအစာ အကြွင်းအကျန်တွေ ကျွေးတာကို လျှော့ချပြီး၊ စနစ်တကျ ထုပ်ပိုးထားတဲ့ ဝက်စာတွေ ကျွေးတာအပြင် ခြံ စည်းရိုးခတ်တာနဲ့ ဝင်ထွက်သွားလာမှုကို ကန့်သတ်တဲ့ ဇီဝလုံခြုံရေး စနစ်တွေကို ပိုမိုတင်းကျပ်စွာ ကျင့်သုံးလာကြတယ်လို့ သိရပါတယ်။
REF: KP Sharma / Kuensel
