July 8, 2026

ကုန်သည်တွေ စျေးကစားလို့ ပြည်တွင်းမြေဩဇာစျေး အဆမတန် မြင့်တက်နေ(ရုပ်/ သံ)

The Farmer Times၊ ဇွန်လ ၉ ရက်၊ ၂၀၂၆

သွင်းအားစုမြေဆီဈေးတွေဟာ အရှေ့အလယ်ပိုင်း စစ်ပွဲစတင်ချိန်အတွင်းက မြန်မာနိုင်အရောက် စျေး နူန်းအနေနဲ့ ယူရီးယားဓာတ်မြေဩဇာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ ကျော် ပေါက်ဈေးရှိရာကနေ လက်ရှိမှာတော့ တစ် တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ လောက်အထိ ဈေးကျဆင်းလာတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးခင်မြင့်က ပြောဆိုထားပါတယ်။

လက်ရှိ ပြည်တွင်း ဓာတ်မြေဩဇာ စျေးကွက်အတွင်းမှာ မြင်းပျံ (ယူရီးယား ပုလဲဓာတ်မြေဩဇာ ) တစ် အိတ်ကို ၁၇၀,၀၀၀ မှ ၁၈၅,၀၀၀ ကျပ်ဝန်းကျင်ပေါက်စျေးရှိနေပြီး၊ ၁၅ ပတ်လည် ဓာတ်မြေ ဩဇာ တစ်အိတ်ကိုတော့ ၂၃၀,၀၀၀ ကျပ်အထက် ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

မြေဩဇာအသင်းက ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်လက်ကား မြေဩဇာရည်ညွန်း ဈေးနှုန်းကတော့ ဇွန်လ အတွက် ယူရီးယားမြေဩဇာ ၅၀ ကီလို တစ်အိတ်ကို ၁၅၁,၆၀၀ ကျပ် သတ်မှတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.