ထိုင်းနိုင်ငံရှိ စပါးရိတ်ချွေစက်ရုံမှာ မြန်မာလုပ်သား ၃၀၀ ကျော် လုပ်အားခမရလို့ ပဋိပက္ခဖြစ်ပွားနေ(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် အူထိုင်မြို့နယ် တလာ့တ်ဘီဘီမှာ World Agricultural Machinery စပါးရိတ် ချွေစက်ထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာလုပ်သား၃၀၀ကျော် လုပ်အားခမရလို့ လုပ်အားခဖို့ တောင်းဆို နေစဉ် ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ စက်ရုံလုပ်သား တစ်ဦးက ပြောပါတယ်။
လုပ်အားခမရလို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရမယ့်အရေး ကြုံတွေ့နေရ တာကို ကြားဝင်ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ WAG မုန်တိုင်းအဖွဲ့က လာရောက်ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။
စက်ရုံလုပ်သားတစ်ဦးက ပြောပါသည်။ “ပြဿနာ စဖြစ်တာတော့ လုပ်ခလစာမရတာကနေ စဖြစ်တာ။ လုပ်အားခ မဝင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူကို သွားပြောတော့။ ပြဿနာဖြစ်ပြီး ထိုး ကြိတ်မှုအဆင့်ထိ ဖြစ်သွားတယ်။ စက်ရုံလုပ်သားနဲ့ စက်ရုံဘက်က ပြဿနာတက်တော့ အလုပ်သ မားအရေး ဆောင်ရွက်ပေးနေတဲ့ WAG ကိုမုန်တိုင်းအဖွဲ့က ချက်ချင်းလာရောက် ညှိနိုင်းဖြေရှင်း ထားတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံသက်ဆိုင်ရာ အာဏာပိုင်ဘက်က မပါလာတော့ နောက်ထပ်တစ်ခေါက် သက်ဆိုင်ရာအာဏာပိုင်နဲ့ အတူ ထပ်ပြီးလာရောက် ဖြေရှင်းတယ်။ စက်ရုံပါ စစ်ဆေးသွားဖို့ ရှိနေတယ်” လို့ ပြောပါတယ်။
လက်ရှိ ထိုင်းအစိုးရက အယုဒ္ဓယမြိူ့နယ်တွင် ၁ ရက်၊ အခြေခံလုပ်အားခကို ဘတ် ၃၅၇ သတ်မှတ်ပေး ထားပြီး၊ ဘန်ကောက်မှာတော့ ၁ ရက်၊ ဘတ် ၄၀၀ ဘတ် သတ်မှတ်ပေးထားပြီး၊ လုပ်ခလစာ မရရှိတာ ကြောင့် လုပ်သားတွေအနေနဲ့ နေထိုင်စာရိတ် အခန်းကြေးပေးဖို့နဲ့ စားသောက်စာရိတ် အခက် အခဲများ ရှိနေတယ်လို့ ဆိုကြပါတယ်။
လက်ရှိမှာ စက်ရုံဘက်က စက်ရုံလုပ်သားနာမည်တွေကို ကောက်ယူနေပြီး၊ အခွင့်အရေး တောင်းဆိုသူ တွေကို အလုပ်ထုတ်ပယ်မယ့် အခြေအနေတွေလည်း ရှိနေတယ်လို့ အဆိုပါအလုပ်သမားက ဆက် ပြောပါတယ်။
“လုပ်သားတွေဘက်က ခံရတာကြာပါပြီး ၃ လ၊ ၄လရှိပြီး အချိန်ပိုကြေးလည်း မရဘူး။ ညဆိုင်းကြေး လည်း ခံစားခွင့်မရှိကြဘူး။ အလုပ်ပိတ်ရက်မှာ အလုပ်ဆင်းရရင် လုပ်အားခ ၂ ဆရယ် OT ကြေးမှာ လည်း ၃ ဆရရှိကြမယ်လို့ သိရှိထားပေမ,fh လက်တွေ့မှာ မခံစားရဘူး” လို့ အဆိုပါ အလုပ်သမားက ပြောပါတယ်။
WAG အဖွဲ့ဝင်တွေ လာရောက်ညှိနှိုင်းချိန်မှာတော့ စက်ရုံဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးသွား မယ်လို့ ပြောဆိုထားပေမယ့်၊ ပဋိပက္ခဖြစ်နေစဉ်အတွင်း စက်ရုံဘက်က အလုပ်သမားသစ် များခေါ်ယူမှု တွေလည်း ရှိနေတာကြောင့် ဇွန်လ ၉ ရက်နေ့က စက်ရုံကို လုပ်သားသစ် ၃၀ ကျော် ထပ်မံဝင်ရောက် လာတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
