ရှမ်းတောင်ဒေသထွက် အာလူး စျေးကျနေပေမယ့် ကြက်သွန်နီစျေး ဆက်တိုက်မြင့်တက်လာ(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၁၈ ရက်၊၂၀၂၆ ခုနှစ်။
လက်ရှိ စျေးကွက်အတွင်းမှာ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၂၅၀၀ မှ ၃၅၀၀ ကျပ် စျေးဖွင့်ထားပြီး၊ မုံရွာကြက်သွန်နီက ၂၅၀၀ မှ ၃၅၀၀ ကျပ်နဲ့ ၂၇၀၀ မှ ၃၆၀၀ ကျပ် စျေးတန်းနှစ်မျိုး ဖွင့်ထားပါတယ်။
မြင်းခြံကုန်စည်ဒိုင်စျေးကွက်မှာတော့ ပုတ်ပြတ်စျေး ကြက်သွန်နီ တစ်ပိဿာကို ၂၂၀၀ မှ ၃၂၀၀ ကျပ်အထိ ပေါက် စျေးရှိနေပြီး၊ ပခုက္ကူကုန်စည်ဒိုင်စျေးကွက်မှာတော့ ကြက်သွန်နီ တစ်ပိဿာကို ၃၃၅၀ ကျပ်အထိ ပေါက်စျေးရှိနေတာကို တွေ့ရပါတယ်။
” အာလူးက ပွဲရုံတွေကို နေ့တိုင်းကို အဝင်များနေတာ။ ရှေ့ရက်ကပို့တဲ့ ပစ္စည်းမကုန်သေးဘူး၊ နောက် ရက် ထပ်ဝင်နေတော့ ပွဲရုံမှာ အာလူးတွေပုံနေပြီ။ ကုန်စိမ်းဆိုတဲ့ သဘောက လတ်လတ်ဆတ်ဆတ်ကို ဖြုန်းနိုင်ဖို့လိုတယ်။ အာလူးက အဝင်များနေပြီး အရောင်းက မရှိသလောက် ဖြစ်နေတာ ပြဿနာပဲ။ ” လို့ အောင်ပန်းစျေးက ကုန်သည် ကိုစိုင်းနောင်က ပြောပါတယ်။
