မိုးများပြီး စပါးမျိုးစေ့တွေ ရေနစ်ပျက်စီးကုန်တာကြောင့် နှစ်ခါပြန်စိုက်ရမယ့် အခြေအနေနဲ့ လယ်သမားတွေ ရင်ဆိုင်နေရ(ရုပ်/သံ)
The Farmer Times၊ ဇွန်လ ၁၉ ရက်၊ ၂၀၂၆
ပြည်ခရိုင်မှာ မိုးစပါးတွေ စတင်ကြဲပက်ချိန်အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ပျိုးပင်ပေါက်တွေ ရေနစ်ပျက်စီးမှု ဖြစ်ပွားခဲ့တဲ့အတွက် နောက်တစ်ကြိမ် ပြန်စိုက်ရမယ့် အခြေအနေနဲ့ လယ်သမားတွေ ရင် ဆိုင်နေရတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ပြည်ခရိုင်မှာ မိုးစပါးကို ပျိုးထောင်ပြီး စိုက်ပျိုးခြင်းအစား၊ စပါးမျိုးစေ့ကို အစေ့အတိုင်း ကြဲပက်ပြီး စိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲစိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် စပါးမျိုးစေ့ ကြဲပြီးချိန်မှာ မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် လယ်တွေထဲ ရေဝင်ရောက်မှု များပြီး၊ စပါးစေ့တွေ ရေနစ်မြုပ်ပြီး ပုပ်သွားတာလို့ ဆိုပါတယ်။
