တိုက်ပွဲတွေကြောင့် ပဲခူးတိုင်း အနောက်ပိုင်းမှာ မိုးစပါးနဲ့ တခြားသီးနှံတွေ စိုက်ပျိုးနိုင်ခြင်း မရှိ(ရုပ်/သံ)
The Farmer Times၊ အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆။
ပဲခူးတိုင်း၊ အနောက်ပိုင်းက မကြာခဏတိုက်ပွဲဖြစ်ပြီး နယ်မြေမအေးချမ်းတဲ့ ဒေသတွေဘက်မှာ အခုနှစ် မိုးရာသီမှာ စပါးအပါအဝင် တခြားယာသီးနှံတွေ စိုက်ပျိုးနိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာစစ်ရှောင်နေရတာ၊ နယ်မြေမအေးချမ်းတဲ့အတွက် လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်တာ၊ သွင်းအားစုတွေဝယ်ဖို့ အဆင်မပြေတာ၊ စက်ကိရိယာတွေ မပြည့်စုံတာ စတဲ့ အ ခက်အခဲတွေကြောင့် မစိုက်ပျိုးနိုင်တော့တာလို့ လယ်သမားတွေက ဆိုပါတယ်။
လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ရတဲ့ တောင်သူတွေအနေနဲ့ လယ်ယာစိုက်ပျိုးရေးကို လုပ် ကိုင်နိုင်ခြင်း မရှိတာကြောင့် ဝင်ငွေရလုပ်ငန်း မရှိတော့တဲ့အတွက် စားဝတ်နေရေး ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
