July 12, 2026

The Farmer Times အပတ်စဉ် ကုန်စည်စျေးနှုန်း သုံးသပ်ချက်

The Farmer Times၊ ရန်ကုန်၊ ဇွန် ၈ ၊ ၂၀၂၆

အခုဆက်ပြီး၊ မေ ၂၉ ရက်ကနေ ဇွန် ၅ ရက်နေ့(သောကြာနေ့) စျေးပိတ်ချိန်အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းတွေ ဖြစ်ပါတယ်။

ရန်ကုန်၊ ဘုရင်နောင်ကုန်စည်ဒိုင်မှာ ပြည်ပပို့ကုန် ပဲအမျိုးအစားတွေဖြစ်တဲ့ မတ်ပဲက အကျရပ်သွားပြီး သိန်း ၃၀ အ ထက်မှာ တည်ငြိမ်နေပေမယ့်၊ ပဲစင်းငုံက စျေးအနည်းငယ် ပြန်ကျနေပါတယ်။ ပဲတီစိမ်းက စျေးငြိမ်နေပြီး၊ ပြောင်းဆံကတော့ အရောင်းအဝယ် သွက်နေပါတယ်။ အာလူးနဲ့ ကြက်သွန်ဖြူ (ကြူကုတ်)က စျေးကျဆင်းနေတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.