စိုက်စရိတ်ချေးငွေက မြေဩဇာဖို့တောင် မရလို့ တောင်သူများ အခက်ကြုံနေ
The Farmer Times၊ မေလ ၂၀ ရက်၊ ၂၀၂၆
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့တဲ့နှစ်တွေမှာ စပါး၊ ဂျုံနဲ့ ချည်မျှင်ရှည်ဝါအတွက် စိုက်စရိတ်ချေးငွေ အနေနဲ့ တစ်ဧကကို ၁၅၀,၀၀၀ ကျပ် ထုတ်ချေးပေးခဲ့တာဖြစ်ပြီး၊ အခုနှစ်မှာတော့ တစ်ဧကကို ၃၀၀,၀၀၀ ကျပ်ထိ တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အခြားသီးနှံ ၁၈ မျိုးအတွက် အရင် တစ်ဧကကို ၁ သိန်းကျပ်အစား အခုနှစ်မှာ တစ်ဧကကို ၂၅၀,၀၀၀ ကျပ်ထိ တိုးမြှင့်ထုတ်ချေးပေးသွားမှာဖြစ်ပြီး၊ ပန်းနှမ်းနဲ့ ဆီမုန်ညင်း၊ ဂုန်လျှော်တို့ကို အရင်က တစ်ဧက ၁ သိန်းကျပ်အစား အခုနှစ်မှာတော့ တစ်ဧကကို ၁၅၀,၀၀၀ ကျပ်နူန်းအထိ တိုးမြှင့်ထုတ်ချေး ပေးသွားမယ်လို့ သိရပါတယ်။
ချေးငွေထုတ်ပေးရာမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စာအုပ်အမည်ပေါက်နာမည်နဲ့ လယ်ယာမြေ ပုံ စံ (၇) လိုအပ်မှာဖြစ်ပြီး၊ အမည်ပေါက် မတူတဲ့ လယ်သမားတွေကိုတော့ ချေးငွေထုတ်ချေးပေးမှာ မ ဟုတ်ဘူးလို့ သိရပါတယ်။
