July 11, 2026

လာအိုအစိုးရက အွန်လိုင်းကုန်သွယ်ရေး ပလက်ဖောင်းသစ်ကို မိတ်ဆက်(ရုပ်/ သံ)

The Farmer Times၊ ဇွန်လ ၆ ရက်၊ ၂၀၂၆

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံရဲ့ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟာ စိုက် ပျိုး ရေးထွက်ကုန်တွေ ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းသွင်းကုန် စီမံခန့်ခွဲမှုကဏ္ဍတွေကို ခေတ်မီဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖို့အတွက် “Agro-Link” လို့ခေါ်တဲ့ အွန်လိုင်းစနစ်သစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။

အခုလို လုပ်ဆောင်တာဟာ လာအိုနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ စိန် ခေါ် မှုတွေကို ဖြေရှင်းဖို့နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မယ့် လွတ်လပ်တဲ့ စီးပွားရေးစနစ်တစ်ခု ဖော်ဆောင်ဖို့အတွက် အစိုးရရဲ့ အားထုတ်မှုတစ်ရပ် ဖြစ်တယ်လို့ လာအိုနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက ပြောဆိုထားပါတယ်။

REF: Vientiane Times

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.