ဇွန်လဆန်းပိုင်းမှာ ပြည်တွင်းဆန်ဈေး သိသိသာသာ မြင့်တက်လာ
The Farmer Times၊ ဇွန်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။
အခု ဇွန်လဆန်းပိုင်းအတွင်း ပြည်တွင်းဆန်စျေးကွက်မှာ ဆန်ဈေးကွက် ဆန်ချောရော၊ ဆန်ကြမ်းစျေး နှုန်းတွေပါ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ဇွန်လ ၁၀ ရက်နေ့အတွင်း စျေးကွက်ထဲမှာ အခြေခံဆန်ကြမ်းရော၊ အရည် အသွေးမြင့် ပေါ်ဆန်းဆန်ချော အမျိုးအစားတွေပါ တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ ကျပ်အထိ သိသိသာသာ မြင့်တက်လာတာကို မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း (MRPTA) ရဲ့ ဆန်စျေးနှုန်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
