The Farmer Times သတင်းဌာန၏ “လယ်ယာစီးပွား သတင်းများ ” အပတ်စဉ် ရုပ်သံသတင်းအစီအစဉ်
The Farmer Times၊ ဇွန်လ ၁၄ ရက်၊ ၂၀၂၆။
ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍက ထိပ်တန်းရောက်နေတဲ့ သ တင်းတွေထဲမှာတော့ အာဏာသိမ်းစစ်အစိုးရက သိမ်းဆည်းခံလယ် ယာမြေတွေ ပြန်ပေးမယ်ဆိုတဲ့ ပြော ဆိုချက်အပေါ် အယုံအကြည်မရှိဘူးလို့ တောင် သူလယ်သမားတွေက ပြောဆိုလိုက်ပါတယ်။
- ရှမ်းတောင်ဒေသထွက် အာလူးစျေး ကျဆင်းနေပေမယ့်၊ ကြက်သွန်နီစျေးက ဆက် တိုက်မြင့်တက်နေ ပါတယ်။
- အခုနှစ်မှာ မိုးများပြီး စပါးမျိုးစေ့တွေ ရေနစ်ပျက်စီးကုန်တာကြောင့် စိုက်စရိတ် မြင့်တက်နေတဲ့ ကြား က နှစ်ခါပြန်စိုက်ရမယ့် အခြေအနေနဲ့ လယ်သမားတွေ ရင်ဆိုင်နေရပါတယ်။
- ဇွန်လ ၅ ရက်ကနေ ဇွန်လ ၁၂ နေ့အထိ စျေးကွက်အတွင်း အတက်အကျ အနိမ့်အမြင့် ဖြစ်သွားတဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ အပါအဝင် တစ်ပတ်အတွင်း ထူးထူးခြားခြား ဖြစ်ပေါ်ခဲ့တဲ့ “လယ် ယာစီးပွား သတင်းများ” ကို Farmer Times Media က စုစည်းတင်ဆက်ပေးထားပါတယ်။
